Friday, February 28, 2014

ဂျရတ်၏ ပရော်ဖက်ရှင်နယ် ပီသမှုကို ပီယာလိုချီးကျူး 
လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ ပရော်ဖက်ရှင်နယ် ပီသမှုကို အင်ဒရီယာ ပီယာလိုက အလေးအနက် ချီးကျူးလိုက်ပြီး ဂျရတ်သည် နောက်ထပ်နှစ်ပေါင်းများစွာ ဘောလုံးကစားနိုင်နေ လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။



အီတလီ လက်ရွေးစင် အသင်း၏ အတောက်ပဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် ကာလရှည်ကြာ ရပ်တည်ပြခဲ့သည့် ပီယာလိုက ဂျရတ်သည် အင်္ဂလန်ရော၊ လီဗာပူးလ်အတွက်ပါ ကွင်းလယ် တည်ဆောက်မှု အပိုင်းတွင် နှစ်ပေါင်းများစွာကြာအောင် ထဲထဲဝင်ဝင် နေရာယူ ကစားပေးနိုင်မည်ဟု မိမိ ယုံကြည်ကြောင်း ဆိုသည်။ “အသက်ရလာပြီ ဆိုရင်တောင် ဉာဏ်ရည်မြင့်မားတဲ့ ကစားသမားတွေဟာ ဘောလုံးပွဲတွေမှာ လိုက်လျောညီထွေ ကစားနိုင်တုန်းပဲ။ ဂျရတ်က အဲဒီ အမျိုးအစားပေါ့။ သူ့ရဲ့ ဘောလုံးဖြန့်ဝေပုံက အကောင်းတကာ့ အကောင်းဆုံး ဖြစ်ပါတယ်။ သူ့မှာ ဘောလုံးနဲ့ ပတ်သက်ပြီး ထူးချွန်သိတတ်လွယ်တဲ့ ဦးနှောက်လည်းရှိတယ်။ အမြင်လည်း သိပ်ထက်သန်တယ်လေ”ဟုပီယာလိုကသုံးသပ်ခဲ့သည်။
ဂျူဗင်းတပ်စ် အသင်း၏ ကွင်းလယ် ဖန်တီးရှင်က “ဥရောပရဲ့ ထိပ်သီးကလပ်တွေဟာ ကွင်းလယ်မှာ ဘာတွေ စွမ်းဆောင်နိုင်သလဲ ဆိုတဲ့အချက်ကို အမြဲလိုလို အာရုံ စိုက်နေရကြတယ်။ ခုချိန်မှာ လေ့ကျင့်ရေး စနစ်တွေကလည်း ပိုပြီး သိပ္ပံနည်းကျ ဆန်လာတယ်။ ခန္ဓာဗေဒအကြောင်း ကျွန်တော်တို့လို အသက်အရွယ်ရင့် ကစားသမားတွေ ပိုပြီး သင်ယူလာရတယ်။ အာဟာရကိုလည်း ဂရုစိုက်ရတယ်။ ဒါမှပဲ ကိုယ့်အသက်(၃၀)ကျော်၊ (၄၀)နီးပါးထိ ဘောလုံးကစားနိုင်မှာ မဟုတ်လား။ ဂျရတ်ကတော့ တကယ့် ထိပ်တန်း ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ လီဗာပူးလ်နဲ့ အင်္ဂလန်မှာ ခုလိုမျိုး နောက်ထပ် နှစ်ပေါင်းများစွာထိ သူကစားနေနိုင်လိမ့်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟုလည်းပြောကြားသွားသည်။
အင်္ဂလန်နှင့် အီတလီတို့သည် ကမ္ဘာ့ဖလားတွင် အုပ်စုတစ်ခုတည်း၌ ပါဝင်နေရာ ဂျရတ်နှင့် ပီယာလိုတို့ အနေဖြင့် အီတလီတွင်ပြိုင်ဘက်များအဖြစ်ရင်ဆိုင်ဖြစ်မည့်အလားအလာများပြားလျှက်ရှိသည်။
Ref:Goal

No comments:

Post a Comment

back to top