Friday, February 28, 2014


ဓမ္မပူဇာတရားပွဲအတွက် အလှူငွေ လှူဒါန်း
တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄ရ)လမ်း မိသားစု၏ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ ကျင်းပပြုလုပ်သော ပထမအကြိမ် ဓမ္မပူဇာ တရားအလှူပွဲတွင် အလှူငွေ ၅၀၀၀၀ိ/- အား တာမွေမြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ကော်မတီဝင်များမှ လှူဒါန်းခဲ့ရာ အရိုးကုန်းရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးညွန့်ရှိန်၊ အထောက် အကူပြုကော်မတီ ဥက္ကဌ ဦးလှမြင့်နှင့် ရပ်မိရပ်ဖများမှ လက်ခံရယူ ခဲ့ပါသည်။
နံနက် (၁၀) နာရီအချိန်တွင် တာမွေမြို့နယ် ပါတီကော်မတီဝင် များ ဖြစ်ကြသော ဦးသွင်စိုးအောင်၊ စည်းရုံးရုံးရေး မှူးများ ဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဦးမြအောင်တို့သည် တရားပွဲမကျင်းပမီ လမ်း အား ခြင်ဆေးများဖြန်းပေးကြကြောင်း သိရသည်။
Photo

No comments:

Post a Comment

back to top