Friday, February 28, 2014


ရန်ကုန်အနောက်ပိုင်းခရိုင် ဖြိုးစေတနာအခမဲ့ နယ်လှည့် ဆေးကုသရေးအဖွဲ့ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်တွင် ဆေးကုသမှုများပြုလုပ်
ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေသည့် အနေဖြင့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ က ဖြိုးစေတနာ အခမဲ့ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့ နယ် လင်းလွန်းတောင်ရပ်ကွက်ရှိ ကြည့်မြင်တိုင်ဘူတာတွင် ရပ်ကွက်နေ ပြည်သူများအား ဆေးဝါးများ ကုသပေးနေသည်။
ဆေးကုသရေးအဖွဲ့တွင်ခရိုင်ပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်းမှဦးဆောင်၍ ဒေါက်တာ အောင်ငြိမ်းမြတ် နှင့် ဆေးဝါးကျွမ်းကျင်များ၊ စမ်းချောင်းမြို့နယ် ပါတီကော်မတီဝင် ရပ်ကွက် ပါတီ ကော် မတီဝင်များမှ ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြသည်။
အဆိုပါဆေးကုသရေးအဖွဲ့သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် ကြည့်မြင်တိုင် ဘူတာရုံပိုင်ကြီး ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းတို့မှ ကြည့်ရှု အားပေခဲ့ကြသည်။နံနက် ၁၀နာရီမှ နေ့လည် ၁း၃၀နာရီထိ လူနာပေါင်း ၆၇ ဦးကို ကုသပေးပြီးဖြစ်ကြောင်း သိရသည်။
PhotoPhoto

No comments:

Post a Comment

back to top