Friday, February 28, 2014

100 Plus အားဖြည့်အချိုရည်နဲ့ Alpha Resources & Training Co;Ltd တို့ ပူးပေါင်းပြီး လာမယ့်မတ်လမှာThe 1st Active 8 Healthy Lifestyle Expo ကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန်မြို့ M3 Food Center မှာ အဆိုပါပြပွဲနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ The 1st Active & Healthy Lifestyle Expo ကိုတော့ မတ်လ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ သုဝဏ္ဏအမျိုးသား အားကစားရုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
 ဒါကြောင့် 100 Plus အားဖြည့်အချိုရည်အနေနဲ့ Active & Health Lifestyle Expo ပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။အဆိုပါ Active & Health Lifestyle Expo ပြပွဲမှာတော့ ပညာရှင်တွေရဲ့Talk show များ၊ အားကစားပြိုင်ပွဲများအပြင် (၂၇)ကြိမ် SEA Games မှာ အနိုင်ရခဲ့တဲ့ အားကစားသမားများရဲ့ ပြိုင်ပွဲအတွေ့အကြုံများ၊ ကစားနည်းများကို ပြည်သူများအတူ သရုပ်ဖော်ကစား သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် 100 Plus အားဖြည့်အချိုရည်ကုမ္ပဏီမှ လူငယ်ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်များ၊ ပြည်သူ လူထုကျန်း မာရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ref;mrtv-4

No comments:

Post a Comment

back to top