Thursday, February 27, 2014


ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးခွင့်ပြုရန်ပုံငွေ ၁၄၄ သိန်းဖြင့် ဆောက်လုပ်ပြီးစီး ခဲ့သော ရှားတောမြို့နယ်၊ အလယ်ပိုင်းကျေးရွာအုပ်စု၊ တင်လွယ်ရွာ အမကကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်း အနားကို ဖေဖော်ဝါရီလ (၂၄) ရက် နံနက် (၁၀း၀၀)အချိန်က ယင်းကျောင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးမောင်၊ ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးရဲဝင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဌေးရယ် တို့သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာမှ ရပ်မိ ရပ်ဖများ၊ ကျောင်း အကျိုးတော် ဆောင်များနှင့်အတူ တက်ရောက် အားပေးကြကြောင်း သိရှိရသည်။

PhotoPhoto

No comments:

Post a Comment

back to top