Thursday, February 27, 2014

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ ဖို့အတွက် စာရင်းစစ်၊ စာရင်းကောက် သင်တန်းတွေကို ဗဟိုအ ဆင့်မှ စတင်ပြီးမြို့နယ်အထိသတ်မှတ်ထားတဲ့ကာလအလိုက် သင်တန်းတွေကို ပို့ချသွားမှာဖြစ် တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ရဲ့ ပြောပြချက်အရ သိရပါတယ်။ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့အတွက်  စာရင်းစစ်၊ စာရင်းကောက် သင်တန်းတွေကို ဗဟိုအဆင့်အနေနဲ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိပို့ချခဲ့ပြီး ဖြစ်ပါတယ်။
ကျန်တဲ့စာရင်စစ်၊စာရင်းကောက်တွေအတွက်ကိုတော့ ဗဟိုအဆင့် သင်တန်း ဆင်းတွေမှ  ပြန်နယ်နှင့် တိုင်းဒေသကြီးများမှာ သင်တန်းနေရာ(၁၁)နေရာ ထားရှိကာဆက် လက်ပို့ချလျက် ရှိပြီး ဖေဖော် ၀ါရီလ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပို့ချသွားမှာဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီနောက်မှာတော့ ပြည်နယ်၊ တိုင်းဒေသကြီးများမှတဆင့် ခရိုင်နဲ့မြို့နယ်များအလိုက် ဆင့်ပွားသင်တန်းတွေကို ဆက်လက်ပို့ချသွားမှာဖြစ်ပြီး ယခုလိုသင်တန်းများပို့ချပေးမှုနဲ့  ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးကို ပြောပြခဲ့ပါတယ်။အခုလို စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွေကို ပို့ချမှုမှာ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများအပြင် ကိုယ်တိုင်ကောက်ယူမယ့် နေရာတွေဖြစ်တဲ့ ဟိုတယ်၊ ဆေးရုံစတဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေကိုလည်း သင်တန်းများ ပို့ချမှာ ဖြစ်တယ် လို့သိရှိရပါတယ်။
Ref;mrtv-4

No comments:

Post a Comment

back to top