Thursday, February 27, 2014

စကိုင်းစက်ဘီးစီး အသင်းမှ ဗြိတိန်နိုင်ငံသား " ခရစ္စဖရွန်း " ဟာ အိုမန်နိုင်ငံမှာ ကျင်းပပြုလုပ် တဲ့ စက်ဘီးစီးပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်းသတင်းရရှိပါတယ်။ အဆိုပါ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ  ၂၀၁၃ ခုနှစ် အိုမန်စက်ဘီးစီးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲဖူးတာကြောင့်  ၂ ကြိမ်ဆက် အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
 " ခရစ်္စဖရွန်း " ဟာ  ၅ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ အိုမန်စက်ဘီးစီးပြိုင်ပွဲမှာ  ၂ ကြိမ်အထိ ဗိုလ်စွဲခဲ့တာကြောင့် လက်ရှိအချိန်မှာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကစားသမားတစ်ဦး ဖြစ်နေပါတယ်။" ခရစ္စဖရွန်း "      ဟာ ယခုနှစ် အိုမန်စက်ဘီးစီးပြိုင်ပွဲမှာ အမေရိကန် စက်ဘီးစီးကစားသမား ဗန်ဂါဒါရမ်ကို ၂၆ စက္ကန့်အသာဖြင့် ကျော်ဖြတ်ပြီး အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။  " ခရစ္စဖရွန်း " က ပြောကြား ရာမှာတော့ ကျွန်တော်ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက် မိပါတယ်။
 ကျွန်တော်ရဲ့ လက်ရှိပုံစံကိုလည်း အားရကျေနပ်ပြီး ဒီနှစ်ရာသီကို အနိုင်နဲ့ စတင်နိုင်ခဲ့တဲ့ အတွက်လည်း ပျော်ရွှင်မိပါတယ်။ ဒါဟာကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး တိုးဒီဖရန့်ပြိုင်ပွဲမှာ ထပ်မံ ဗိုလ်စွဲဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေပါတယ်ဟု ပြောကြားခဲ့ပါတယ်။ သူဟာ ယမန်နှစ်က တိုးဒီဖရန့်စက်ဘီးစီးပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့ပြီး ယခုနှစ်မှာ ထပ်မံဗိုလ် စွဲနိုင်ဖို့ မျှော်လင့် နေ တာဖြစ်ပါတယ်။ ယခုနှစ်ရာသီ တိုးဒီဖရန့်ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၅ ရက်နေ့ကနေ  ၂၇ ရက် နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။  " ခရစ္စဖရွန်း " ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် စက်ဘီးစီးကစား သမားဘ၀ကို  ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး  ၂၀၁၀ ခုနှစ်မှာတော့ စကိုင်းအသင်း ကို ပြောင်းရွှေ့ လာတာဖြစ်ကြောင်း သတင်းရရှိပါသည်။
ref;mrtv-4

No comments:

Post a Comment

back to top