Friday, February 28, 2014

ဗန်ပါစီကို ထိုးနှက်ဝေဖန်ခဲ့သည်ဆိုသော သတင်းများကို ဟာနန် ဒက်ဇ်ငြင်းဆို
မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး ဟာဗီးယား ဟာနန်ဒက်ဇ်က မိမိ အနေဖြင့် အသင်းဖော် ရော်ဘင် ဗန်ပါစီအား ဝေဖန် တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက် များကို ငြင်းဆန်ခဲ့သည်။
အစောပိုင်းတွင် ဗန်ပါစီက ယူနိုက်တက်၏ လက်ရှိ ကစားပုံ၌ မိမိ၏ ဇုန်အတွင်း အသင်းဖော်များ ဝင်ရောက်နေရာယူသဖြင့် အနှောင့်အယှက် ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ အခြေအနေကြောင့် ဗန်ပါစီနှင့် ယူနိုက်တက် ကစားသမားများကြား အမြင်မကြည်မှုများ ရှိနေကြောင်း သတင်းများက သုံးသပ်ရေးသားခဲ့သည်။ ထိုအချိန်တွင် မက္ကစီကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်က “အသင်းဖော်တွေ မရှိရင် ခင်ဗျားအနေနဲ့ ဘောလုံးနယ်ပယ်မှာ ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး။ အသင်းဖော်တွေကို အမြဲတမ်း အသိအမှတ်ပြုကျေးဇူးတင်နေသင့်တယ်”ဟုInstagramတွင်ရေးသားခဲ့သည်။
သို့သော်လည်း အဆိုပါ မှတ်ချက်သည် ဗန်ပါစီနှင့် မည်သို့မျှ မသက်ဆိုင်ဟု ဟာနန်ဒက်ဇ် က ပြန်လည် ဖြေရှင်းခဲ့သည်။ “ဒီမှတ်ချက်က ဗန်ပါစီနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်က အကောင်းဆုံး အသင်းဖော်တွေ ဖြစ်ကြပြီး တူညီတဲ့ ရည်မှန်းချက်အတွက် အလုပ်လုပ်နေကြတာပါ။ အဲဒါကတော့ အသင်းအတွက်ပဲ ဖြစ်ပါတယ်။ အသင်းအနေနဲ့ ကျွန်တော်တို့ မျှော်လင့်သလောက် ကောင်းကောင်း မစွမ်းဆောင်နိုင်တဲ့ အချိန်မှာ လူတွေက ကျွန်တော်တို့နဲ့ ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် အဆိုးလို့ပဲ မြင်နေမှာပါပဲ”ဟု ဟာနန်ဒက်ဇ်က ရေးသားခဲ့သည်။ အခြားသော သတင်းများအရ ဗန်ပါစီ ကိုယ်တိုင်သည်လည်း အိုလံပီယာကော့စ်နှင့် ပွဲအပြီးတွင် ၎င်းပြောဆိုခဲ့သည့် ဝေဖန်မှုများအတွက် အသင်းဖော်များကို ပြန်လည်ရှင်းလင်း တောင်းပန် ခဲ့ကြောင်းသိရသည်။
Mirrorက ဗန်ပါစီသည် ယင်းကိစ္စတွင် အသင်းဖော်များကို အပြစ်တင်ခြင်း မဟုတ်ဘဲ ယူနိုက်တက်၏ တိုက်စစ်ကစားပုံတွင် အရှုပ်အထွေးများ ရှိနေသည်ကိုသာ ဖွင့်ဟခဲ့ခြင်းဖြစ်ကြောင်း ကျန်အသင်းသားများအား ရှင်းပြခဲ့ပြီး မိမိ၏ စကားများက ဝေဖန်မှုသဖွယ် ဖြစ်သွားသည့်အတွက်လည်း တောင်းပန်ခဲ့ကြောင်း ဖော်ပြသွားသည်။
Ref:Mirror


No comments:

Post a Comment

back to top