Friday, February 28, 2014

လီဗာပူးလ်သို့ ပြန်လာရန် ရေနာရည်ရွယ်မထားဟု ရော့ဂျာပြောကြား

ရေနာသည် နွေရာသီ ဈေးကွက်အတွင်း ဆန်းဒါးလန်း ဂိုးသမား ဆိုင်မွန်မစ်ဂ်နိုလတ် အန်းဖီးလ် သို့ ရောက်ရှိလာသည့်နောက် အီတလီ စီးရီးအေကလပ် နာပိုလီသို့ အငှားပြောင်းရွှေ့ သွားခဲ့သည်။ ၎င်း၏ အငှား စာချုပ်သက်တမ်း (၁၂)လ ပြည့်ချိန်တွင် လီဗာပူးလ်သို့ ပြန်လာရမည် ဖြစ်သော်လည်း ရေနာ၏ အနာဂတ်သည် လီဗာပူးလ်တွင် မရှိနိုင်တော့ဟု ရော့ဂျာက ဝန်ခံခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် နာပိုလီနည်းပြ ရာဖာဘင်နီတက်ဇ် အနေဖြင့် ရေနာကို အပြီးသတ် စာချုပ်ရန် အခွင့်အလမ်း ပိုများလာသည့် သဘောဖြစ်သည်။
“တကယ်တော့ ရေနာ ကိုယ်တိုင်ကလည်း ကျွန်တော်တို့ အတွက် နှုတ်ဆက်စာတောင် ရေးခဲ့ပြီးပြီ မဟုတ်လား” ဟု ရော့ဂျာက ဆိုသည်။ “အဲဒီစာကို ဖတ်ရတုန်းက ကျွန်တော် တော်တော့်ကို အံ့ဩသွားတယ်။ အငှား ကစားသမား တစ်ယောက်ဟာ အသင်းကို ပြန်လာနိုင်တယ် မဟုတ်လား။ ဒါပေမဲ့ ရေနာဘက်က သိပ်ကို ရှင်းရှင်းလင်းလင်း သဘောထားမျိုး ပြသသွားတယ်။ သူက နာပိုလီကို ထွက်သွားကတည်းက ပြန်လာဖို့ စိတ်မကူးတော့ဘူး။ သူနဲ့အရင် လက်တွဲဖူးသမျှထဲက အကောင်းဆုံး နည်းပြဆီ သူသွားတော့မယ်။ လီဗာပူးလ်မှာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေအတွက် ကျေးဇူးတင်ပါတယ် ဆိုတာမျိုး ရေးထားခဲ့တယ်။ ဒီတော့ ကျွန်တော့် အမြင်အရလည်း သူကိုယ်တိုင်ကိုက ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပြီလို့ ယူဆရုံပါပဲ”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။
Ref:dailymail

No comments:

Post a Comment

back to top