Friday, February 28, 2014

တောင်ကိုးရီးယားနှင့် အမေရိကန် ပြည်ထောင်စု၏ ပူးတွဲစစ်ရေး လေ့ ကျင့်မှု စတင်
တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့ နှစ်စဉ် ပူးတွဲ လေ့ကျင့်လေ့ရှိသည့် စစ်ရေး လေ့ကျင့်မှုများ စတင်နေပြီ ဖြစ်သည်။


Key Resolve နှင့် Foal Eagle အမည်ရှိ အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်မှုအား မြောက်ကိုးရီးယား အစိုးရမှ ကန့်ကွက်ခဲ့သည်။
ကွန်ပျူတာ ထိန်းချုပ် စနစ်နဲ့ အဓိက လေ့ကျင့်သည့် Key Resolve စစ်ရေး လေ့ကျင့်မှုမှာ တပတ်သာ ကြာမြင့်မည် ဖြစ်ပြီး Foal Eagle လေ့ကျင့်မှုမှာ နှစ်လကြာမြင့်မည် ဖြစ်ပြီး ကြည်း ၊ ရေ ၊ လေ ပူးပေါင်း စစ်ဆင်ရေးနှင့် စစ်ရေး လေ့ကျင့်မှု သင်တန်းမျိုးစုံ ပါဝင်သည်။ အဆိုပါ နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် အခြားနိုင်ငံများသို့ ကျုးကျော်ရန်စရန် ရည်ရွယ်ချက် လုံးဝမပါဝင်ဘဲ မိမိစစ်သည်များ စစ်ရေးစွမ်းရည် ပြည့်ဝနေစေရန် လေ့ကျင့်ခြင်း ဖြစ်ကြောင်း တောင်ကိုးရီးယား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Kim Min-Seok မှ ပြောကြား ခဲ့သည်။
Ref:Mrtv-4

No comments:

Post a Comment

back to top