Friday, February 28, 2014

ချယ်လ်ဆီးကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် မန်စီနီမျှော်လင့်

ချယ်လ်ဆီးကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် တက်ရောက်ရန် မိမိမျှော်လင့်နေ ဆဲဟု ဂါလာတာဆာရေး နည်းပြ ရောဘတ်တို မန်စီနီက ပြောကြားလိုက်သည်။

 
တူရကီ ထိပ်တန်း ကလပ် အသင်းသည် အိမ်ကွင်းတွင် ချယ်လ်ဆီးကို ပထမပိုင်း၌ ရှိန်နေခဲ့သော်လည်း ဒုတိယပိုင်း၌ ကစားအားကို မြှင့်တင်ကာ အခွင့်အလမ်းကောင်းများ ဖန်တီးနိုင် ခဲ့သော်လည်း (၁)ဂိုးစီ သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဒုတိယ အကျော့ကို ချယ်လ်ဆီး၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျကွင်းတွင် ကစားရမည်ဖြစ်ရာ ဂါလာတာဆာရေး အတွက် အတန်ငယ် ကျပ်တည်းသွားသော်လည်း မန်စီနီကမူ နောက်တစ်ဆင့် တက်ရေး အကောင်းမြင်ရှုထောင့်မှသုံးသပ်ခဲ့ခြင်းဖြစ်သည်။
မန်စီနီက “ကျွန်တော်တို့ တန်ပြန်တိုက်စစ် (၃)ခါ၊ (၄)ခါလောက် ထိသွားတယ်။ အဲဒီထဲကမှ သူတို့ (၁)ဂိုးရအောင် သွင်းသွားတာပါပဲ။ ဒုတိယပိုင်းကျတော့ ကစားတာ တော်တော်ကောင်း သွားတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ခံစစ်ကို အလွန်အကျွံ အာရုံစိုက် မိနေသလိုပဲ။ ပြီးတော့ ချယ်လ်ဆီးကို ကြောက်သလို ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဒုတိယပိုင်း အနေအထားကိုတော့ ကျွန်တော် တကယ်ပဲ ပျော်ရွှင် အားရမိပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းက (၃၁)မိနစ်တွင် တိုက်စစ်မှူး အိုင်ဇက်ဟက်ဂ်ျရိုဗစ်ကို ထုတ်ပြီး ကွင်းလယ်လူ ယက်ခ်တာကတ်တူလွတ်စ်ကို ထည့်သွင်းလိုက်သည့်ဆုံးဖြတ်ချက်ကိုလည်းရှင်းပြခဲ့သည်။
“ကျွန်တော်တို့ ပထမပိုင်း မိနစ်(၂၀)လောက်မှာ တိုက်စစ်ဆင်ပြီး ကျွံထွက်သွားတာနဲ့ ကစားသမား (၄)ယောက်လောက် ခံစစ်မှာ အားလျော့သွားတယ်။ အချိန်တိုင်း တန်ပြန်တိုက်စစ်ဒဏ်ကို စိုးရိမ်နေရတယ်။ ဒီအခြေအနေမျိုးကို ချယ်လ်ဆီးလို အသင်းမှာ ခွင့်ပြုထားဖို့ မဖြစ်နိုင်ဘူးလေ။ ဒီတော့ ကွင်းလယ်လူသစ်တစ်ယောက် လိုလာပြီလို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ”ဟု မန်စီနီက ပြောကြားသွားသည်။
Ref:skysports

No comments:

Post a Comment

back to top