Friday, February 28, 2014

ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန်ထမ်းဆောင်ရန် မာလီနိုင်ငံသို့ စေလွှတ်
ကမ္ဘောဒီးယား နိုင်ငံသည်  ပထမဆုံး အသုတ်အနေဖြင့် တပ်ဖွဲ့ဝင် ၃ဝ၉ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့အား ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့တွင်ပူးတွဲတာဝန် ထမ်းဆောင်ရန် ဖေဖော်ဝါရီ ၂၇ ရက်တွင် မာလီနိုင်ငံသို့ စတင် စေ လွှတ်ခဲ့ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ အမျိုးသားရေး ညှိနှိုင်း ဆောင်ရွက် မှု ကော်မတီ ဥက္ကဋ္ဌ Park Sokhonn က ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များသည် မာလီနိုင်ငံတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ တာဝန် ထမ်းဆောင် သွားမည် ဖြစ်ပြီး တစ်ဖွဲ့အား မာလီနိုင်ငံ မြောက်ပိုင်းရှိ Tessalit  နှင့် Kidal လေဆိပ်တို့တွင် လေယာဉ် ကွင်း ပြုပြင်ထိန်းသိမ်းမှုများ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျန်တစ်ဖွဲ့အား မာလီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Gao  ဒေသတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဖယ်ရှား ရှင်းလင်းရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ အနေဖြင့် မာလီနိုင်ငံတွင် တရုတ်နှင့် အခြားအာဖရိက သမဂ္ဂနိုင်ငံများမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များနှင့် အတူ  လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များသည် မာလီနိုင်ငံ အပါအဝင် တောင်ဆူဒန်နှင့် လက်ဘနွန်နိုင်ငံတို့၌ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Ref: မြ၀တီ

No comments:

Post a Comment

back to top