Friday, February 28, 2014

ဗဟိုအာဖရိက သမ္မတနိုင်ငံအတွက် တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် စေလွှတ် ရန် ဘန်ကီမွန်း တောင်းဆို
ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် ကုလသမဂ္ဂမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို တပ်ဖြန့် ချထားသော်လည်း အကြမ်းဖက်မှုများသည် ပိုမိုဆိုးရွား လာသောကြောင့် ၎င်းနိုင်ငံသို့ တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် ထပ်မံ စေလွှတ်ပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဖေဖော်ဝါရီ ၂ဝ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗဟိုအာဖရိက သမ္မတ နိုင်ငံအတွင်းရှိ ပြည်သူများကို ကာကွယ်ရန်နှင့် နိုင်ငံအတွင်း တည်ငြိမ် အေး ချမ်းရေးကို တိုးမြှင့် လုပ်ဆောင်သွားရန် စသည့် အကြံပြု ထောက်ခံချက်များ ပါရှိသည့် အစီရင်ခံစာ တစ်စောင်ကို လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြား ခဲ့သည်။ 
Ref: မြ၀တီ

No comments:

Post a Comment

back to top