Wednesday, February 26, 2014

HE Mr.Ai Ping ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာ ဌာနမှ HE Mr.Ai Ping ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ တည်းခိုရာ ဧည့်ခန်းမဆောင် မှ ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ထွက်ခွာရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဦးမောင်ရှိန် နှင့် ဗဟိုကော်မတီဝင် ဦးတင့်ဇော်၊ ပါတီဌာနချုပ်ရုံးမှ ဌာနချုပ်မှူးနှင့် တာဝန်ရှိပါတီဝင်များမှ လိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး ဧည့်သည်တော် နှင့်အဖွဲ့ သည် မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top