Wednesday, February 26, 2014

ပြည်ခိုင်ဖြိုးပါတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လက်တွေ့စည်းရုံးရေးသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လက်တွေ့ စည်းရုံးရေးသင်တန်းနှင့် အခြေခံ စက်ချုပ် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒသကြီး အတွင်းရေးမှူး ဦးသာဝင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စုစုလှိုင်၊ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ ပါတီကော်မတီဝင်များ၊ သင်တန်းဆရာမ များနှင့် သင်တန်းသူ သင်တန်း သားများ တက်ရောက်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန် တိုင်း ဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းနှင့် ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်တို့က အမှာစကား ပြောကြား သည်။
ဆက်လက်ပြီး ဘက်စုံထူးချွန်နှင့် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော အထက (၃) ဒဂုံတောင်မှ အဌမတန်း ကျောင်းသူ မအေးချမ်းမြေ့ အား ဒဂုံတောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ဂုဏ်ပြုဆုပေးအပ်ခဲ့သည်။

No comments:

Post a Comment

back to top