Wednesday, February 26, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်ခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဌေးဦးသည် ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၃) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးစိုးသန်းနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျက် မိတ္ထီလာမြို့၊ လဲတောကျေးရွာ၊ လဲတောကျောင်းတိုက်သို့ရောက် ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးတေဇနိယအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဖူးမြော် ကြည်ညိုသည်။
ထို့နောက် ဆွမ်းချက်ဆောင်ဆောက်လုပ်ရန်အတွက် လိုအပ်သော အလှူငွေအား ပါဝင်လှူဒါန်းခဲ့ သည်။၎င်းနောက် ရပ်မိရပ်ဖများ ဂေါပကအဖွဲ့ဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် များ နှင့် တွေ့ဆုံကာ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ဆောင် ရွက်ကြရန် ဆွေးနွေးခဲ့ပြီး၊ ဆွမ်းချက်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှု၍ လိုအပ်သည် များ ပံ့ပိုး ကူညီခဲ့ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment

back to top