Wednesday, February 26, 2014

တရုတ်ကွန်မြူနစ်ပါတီ HE Mr.Ai Ping ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ ပျဉ်းမနားမြို့နယ် ဇီးဖြူပင် ကျေးရွာအုပ်စုသို့ သွားရောက်လေ့လာ

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော HE Mr.Ai Ping ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် ပျဉ်းမနား မြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကျေးရွာသူ/သား များနှင့် တွေ့ဆုံကာ နယ်မြေဒေသ အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများကို လေ့လာကြည့်ရှုပြီး ပေါင်းလောင်းမြစ်ကို ဖြတ်ကူးတည်ဆောက် ထားသော ဇီးဖြူပင်ကျေးရွာ ကိုယ်တူကိုယ်ထ မြစ်ကူးတံတားအား လေ့လာ ကြည့်ရှုခဲ့သည်။
၎င်းတံတား တည်ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် ကျေးရွာသူ ကျေးရွာ သားများ၏ ၀ိုင်းဝန်းကြိုးပမ်း၍ တည်ဆောက်ခဲ့ရပုံများကို ပျဉ်းမနားမြို့နယ် အတွင်းရေးမှူး ဒေါ်ဝင်းဝင်းသီမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ ဇီးဖြူပင် ကျေးရွာတွင် အိမ်ခြေပေါင်း (၉၆၄) အိမ်၊ အိမ်ထောင် စုပေါင်း (၉၉၃) စု၊ လူဦးရေပေါင်း (၄၅၅၃) ဦးခန့် နေထိုင်ကြပြီး စိုက်ပျိုးသည့် လယ်ဧက (၁၁၀၈) ဧကနှင့် ယာဧက (၁၄၄၂) ဧကတို့ဖြစ်ပြီး ကျေးရွာသူ/ သားများ အဓိက စိုက်ပျိုးသော သီးနှံများမှာ စပါး၊ ပြောင်းနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးကြောင်း သိရသည်။

No comments:

Post a Comment

back to top