Tuesday, February 25, 2014

စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝေဠုဝန်(မြောက်)ရပ်ကွက်သို့ ဘိလပ်မြေအိတ်များ လှူဒါန်း

စမ်းချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူများ၏ လိုအပ်ချက် များကိုတတ်စွမ်းသမျှ ဖြည့်ဆည်းပေးလျှက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဘိလပ်မြေအိတ်များ လှူဒါန်းပေးလျှက် ရှိပါသည်။
ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ညနေ(၃)နာရီက ဝေဠုဝန် (မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ ဘိလပ်မြေအိတ်(၃၀)ကို လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါလှူဒါန်းပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးအောင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပြီး၊ ဘိလပ်မြေအိတ် (၃၀)ကို ရပ်ကွက် ပါတီကော်မတီဝင်များကိုယ်စား ရပ်ကွက် ပါတီ ခေါင်းဆောင် ဒေါ်အေးမြက အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်းထံသို့ လှုဒါန်းခဲ့ပြီး အုပ်ချုပ်ရေး မှူးမှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာအား ရပ်ကွက်ပါတီကော်မတီဝင် များသို့ ပေးအပ်ခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment

back to top