Thursday, February 27, 2014

အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ " ဟော့ဆန် " ဟာ အသင်းမှ ကစာသမားတွေရဲ့ ပင်နယ်တီကန်သွင်းမှုကို အထူးလေ့ကျင့်ဖို့ရန်အတွက်စိတ်ပညာရှင် တစ်ဦး ထားရှိလိုနေကြောင်း သတင်းရရှိပါတယ်။ အဆိုပါ အသက် ၆၆ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြဟာ အင်္ဂလန်အသင်းရဲ့ ပင်နယ်တီ ကံမကောင်းမှုကို အဆုံးသတ်ရန်နဲ့  ၂၀၁၄ ကမ္ဘာ့ဖလားတွင် အသင်းသား များရဲ့ ပင်နယ်တီကန်သွင်းမှု လေ့ကျင့်ဖို့ရန်အတွက် စိတ်ပညာရှင်တစ်ဦးထားရှိလို နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲကြီး ၆ ခုတွင် ပင်နယ်တီကန်သွင်းမှုမှ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက် ခဲ့ရဖူးတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းနည်းပြ " ဟော့ဆန် " က ပြောကြားရာ မှာတော့ အင်္ဂလန် အသင်းမှာ ပင်နယ်တီ ကန်သွင်းဖို့အတွက် ယုံကြည်မှု ပြည့်ဝနေတဲ့ ကစားသမား တွေရှိသလို ယုံကြည်မှု လျော့နည်းနေတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ သူတို့မှာ ပင်နယ်တီ ကန်သွင်းဖို့ ယုံကြည်မှုနဲ့ စွမ်းရည်ရှိမယ်ဆိုပါက ပင်နယ်တီကို အကောင်းဆုံး အဆုံးသတ် ကန်သွင်းနိုင်မှာပါ။ သူတို့ရဲ့ ယုံကြည်မှု ပိုမိုတိုးတက် လာဖို့အတွက် စိတ်ပညာရှင်တစ်ဦး ခန့်ထားလိုပါ ဟု ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ  " ဟော့ဆန် " လက်ထက် ယူရို ၂၀၁၂ ခုနှစ် ပြိုင်ပွဲကွာတားဖိုင်နယ်မှာ အီတလီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခဲ့ရဖူးတာဖြစ် ပါတယ်။ အင်္ဂလန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် နောက်ဆုံးပင်နယ်တီ အဆုံးအဖြတ် ၁၀  ကြိမ်မှာ  ၆ ကြိမ်အထိ ရှုံးနိမ့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ " ဟော့ဆန် " ဟာ အင်္ဂလန်လက်ရွေးစင် အသင်းကို  ၂၀၁၂ ခုနှစ်မေလက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး  ၂၄ ပွဲ ကိုင်တွယ်ရာမှာ  ၁၃ ပွဲနိုင်၊  ၈ ပွဲသရေ၊  ၃ ပွဲရှုံး ရလဒ်ကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် " ဟော့ဆန် " ဟာ အင်္ဂလန်အသင်းကို ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့်  ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်ထားသူ ဖြစ်ပါသည်။
Ref:mrtv-4

No comments:

Post a Comment

back to top