Thursday, February 27, 2014

မော်တော်ယာဉ်ရောင်းဝယ်သူများအသင်းအနေနဲ့ မော်တော်ယာဉ်ရောင်းဝယ်ရေး ဇုန်တစ်ခုရရှိဖို့ အတွက်
ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စာတင်ပြီး တောင်းဆိုထား တယ်လို့သိရပါတယ်။လက်ရှိမော်တော် ယာဉ် ရောင်းဝယ်ရေးပြုလုပ်နေတဲ့ မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်က တစ်ဝက်စီပိုင်ဆိုင်ထားတာဖြစ်ပြီး အဆောက်အဦး ဆောက်မယ် ဆိုရင် ရွှေ့ပြောင်းပေးရမှာဖြစ်တဲ့အတွှက် မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းတစ်ခုသီးသန့်ရရှိဖို့ မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းက ရန်ကုန်တိုင်းအစိုးရကိုစာတင်ပြီး တောင်းဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းနှင့် သံသုမာယာဉ် ရောင်းဝယ်ရေးစခန်းတွေကလည်း အရေးပေါ်မီးဘေးကြုံတွေ့ရပါက မော်တော်ယာဉ်တွေ ရွှေ့ပြောင်းဖို့အခက်အခဲရှိတဲ့အပြင် နေရာကြပ်တည်းမှုတွေ ရှိနေတဲ့အတွက် အခုလိုရောင်းဝယ်ရေးဇုန်တစ်ခုကို တောင်းခံထားတာ ဖြစ်တယ်လို့သိရပါတယ်။

မော်တော်ရောင်းဝယ်သူများအနေနဲ့ အခုလိုစာတင်ပြီး မြေနေရာတောင်းဆိုထားတာကတော့ တစ်နှစ် နီးပါးရှိပြီပြီး ထောက်ကြန့်မြို့နယ်မှ ဧက(၄၀)ကျယ်ဝန်းတဲ့မြေနေရာကို ရည်ရွယ်တောင်း ဆိုထားတယ်လို့လဲ သိရပါတယ်။အခုလက်ရှိအချိန်မှာတော့ မင်းရဲကျော်စွာ ယာဉ်ရောင်း ဝယ်ရေးစခန်း သီရိမင်္ဂလာ ယာဉ်ရောင်း ဝယ်ရေးစခန်းနဲ့ သံသုမာယာဉ်ရောင်းဝယ်ရေးစ ခန်းတွေ မှာ မော်တော် ယာဉ် တစ်ထောင်နီးပါး ထားရှိနိုင်ပြီး တစ်နေ့ကို မော်တော်ယာဉ် (၁၀)စီးဝန်းကျင် ဝယ် ယူရောင်း ချနေတယ်လို့လည်းသိရပါတယ်။

No comments:

Post a Comment

back to top