Friday, February 28, 2014

Myanmar News Network ကုမ္ပဏီမှ  ဒီမိုကရေစီတူဒေးသတင်းစာကိုဈေးကွက်အတွင်းစတင်ဖြန့်ချီတော့ မှာဖြစ် တယ်လို့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန်မြို့ရှိ မြရိပ်ညိုဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါသတင်းစာ ထုတ်ဝေဖို့နဲ့ပတ်သက်ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲမှသိရပါတယ်။
အဆိုပါ ဒီမိုကရေစိတူဒေးသတင်းစာမှာ  ပြည်တွင်းသတင်း၊ ပြည်ပသတင်း၊ လူမှုရေးသတင်း၊ ကျန်းမာရေး၊ ပညာရေး၊ ဖျော်ဖြေရေးသတင်းတွေအပြင် သတင်းစာရဲ့ဦးတည်ချက်ဖြစ်တဲ့ ပြည်သူ့တွေရဲ့ အရေးရပ် တည် ပေးရေးဆိုတဲ့အတိုင်း ပြည်သူတွေရဲ့အသံနဲ့ ထင်မြင်ချက်တွေကို ရွေးချယ်ဖော်ပြမှာ ဖြစ်တယ်လို့ သိရပါ တယ်။
အဲ့ဒီလို ဒီမိုကရေစီ တူဒေးသတင်းစာ ထုတ်ဝေဖြစ်တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက လည်းပြောပြခဲ့ပါ တယ်။အဆိုပါ ဒီမိုကရေစီတူဒေးသတင်းစာကိုတော့ မတ်လ(၁)ရက်နေ့မှာ စတင်ထုတ်ဝေမှာဖြစ်ပြီး ပြည်သူတွေရဲ့ လက်ထဲကို ဈေးနှုန်း(၁၀၀)ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလို ရောင်းချ လို့ရတဲ့ ငွေအ ချို့ကို ပြည်သူများရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးရန်ပုံငွေအဖြစ် ထားရှိပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

No comments:

Post a Comment

back to top