Wednesday, February 26, 2014

အီဂျစ်စစ်တပ်က သမ္မတဟောင်းမော်စီကို ဖြုတ်ချပြီးနောက် ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဘီဘလာဝီရဲ့ ယာယီအစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ အခုဘီဘလာဝီနဲ့ဝန်ကြီးအဖွဲ့ဟာ ရာထူး ကနေ နုတ်ထွက်ဖို့ တနင်္လာနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။  
အီဂျစ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့ဟာ တနင်္လာနေ့မှာ နုတ်ထွက်သွားပြီလို့ သိရပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ ဟာဇမ်အယ်လ်ဘီဘလာဝီဟာ နုတ်ထွက်ရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အီဂျစ်ဝန်ကြီးချုပ် နှုတ်ထွက်ပြီးသွားတဲ့နောက်မှာတော့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဖီးမာရှယ်အက်ဒယ်လ်ဖက်တာအယ်ဆီဆီက သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်ဆီဆီဟာ ရွေးကောက်ပွဲ အနိုင်ရရှိဖို့ ထိပ်ဆုံးရေပန်းစားနေပေမယ့် သူ့အနေနဲ့ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ဖို့ တရားဝင် ကြေညာရဦးမှာ ဖြစ်ပါတယ်။
နိုင်ငံတည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီဂျစ်နိုင်ငံသား အများစုဟာ စစ်တပ်ကို အဓိက အခန်းကဏ္ဍကနေ ဦးဆောင်စေချင်ကြပေမယ့် ကြားဖြတ်အစိုးရဟာ လွှတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ထားသလို အတိုက်အခံတွေကိုလည်း ဖိနှိပ်နေတယ်လို့ အတိုက်အခံတွေက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆီဆီဟာ အီဂျစ်နိုင်ငံကို အကြွင်းမဲ့အာဏာရှင်စနစ်ဆီကို ပြန်လည်တွင်းပို့မှာကိုလည်း အတိုက်အခံတွေက စိုးရိမ်နေကြပါသည်။
Ref;mrtv-4

No comments:

Post a Comment

back to top