Tuesday, February 25, 2014

မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Myanmar Japan Thilawa Development Limited မှတာဝန်ယူတည်ဆောက်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း စက်ရုံအလုပ်ရုံများ ဖွင့်လှစ်လုပ်ကိုင်သည့်အခါ ကျွမ်းကျင်လုပ်သားများ အဆင့်သင့်ရရှိရေးအတွက် သင်တန်းများဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က နိုင်ငံတော်သမ္မတက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ စီမံကိန်းဧရိယာအတွင်းရေ၊ လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိရေးနှင့် လမ်းများစနစ် တကျ ဖောက်လုပ်ပေးရေး၊ ကျွမ်းကျင်လုပ်သားများ အဆင့်သင့်ရရှိရေးတို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။
ယခုလက်ရှိဆောက်လုပ်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း(က)မှာ အခြေခံအဆောက် အုံများ ဆောင်ရွက်လျက်ရှိပြီး မြေယာပြုပြင်ခြင်းလုပ်ငန်းရဲ့ (၈၀)ရာခိုင်နှုန်း၊ စီမံကိန်း တစ်ခုလုံးရဲ့(၁၂) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
Ref;MRTV-4

No comments:

Post a Comment

back to top