Monday, February 24, 2014

တာမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်နှင့်  Glorious Myanmar Renewable Energy Co.Ltd တို့မှ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပခြင်း
ကျေးလက်ဒေသမီးလင်းရေးအတွက် နေရောင်ခြစွမ်းအင်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများအား တာမိုးညဲ ချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်နှင့် Glorious Myanmar Renewable Energy Co.Ltd တို့မှ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ (၂၂) ရက်နေ့ နေ့လည် (၂း၀၀) အချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုး ရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ လက်ခံရယူခဲ့ ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင် တာမိုးညဲချမ်းသာ ကူးသန်းရောင်း ကုမ္ပဏီလီမိ တက် ဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် Glorious Myanmar Renewable Energy Co.Ltd မှဥက္ကဋ္ဌ Mr. Chen ShiMin၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့် သတင်းဖြန့်ချိရေးဌာနမှူး Mr. Lei   Zhen ၊ တတိယတွင်းဝင်         Mr. Huo Wen Jun နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီဌာန ချုပ်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top