Tuesday, February 25, 2014

လူသေသော်လည်း မသေသည့် facebook အကောင့်
 
Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားလျှင် သူ၏အကောင့် profile တွင် “memorialized” ဟူသော setting ကို ပြောင်းပေးပြီးကျန်ရစ်သူများအတွက် သူ၏ Timeline ကို အမှတ်တရ အနေဖြင့် ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသူများ အတွက် ၀မ်းနည်းကြေကွဲနေရသူများ အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုသည့် Facebook team အနေဖြင့် Facebook ပေါ်လစီကို အသုံးပြုသူများ အံ့သြသွားစေနိုင်သည့် အဆိုပါ အပြောင်းအလဲတစ်ရပ်ကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ အမှတ်တရ ဖြစ်စေမည့် အဆိုပါ အပြောင်းအလဲကို Facebook အသုံးပြုသူများနှင့် တိုင်ပင်ညှိုနှိုင်းပြီးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု facebook မှ ပြောကြားခဲ့သည်။

Ref; MRTV-4

No comments:

Post a Comment

back to top