Friday, February 28, 2014

ယူနိုက်တက်အမရဘဏ်လီမိတက်ရဲ့ ရွှေဂုံတိုင်ဘဏ်ခွဲကို ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် မှာဖွင့်လှစ်ခဲ့ပါတယ်။ယူနိုက်တက်အမရ ဘဏ်လီမိတက်ဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်တိုင်းဒေသကြီးများမှာ  ဘဏ်ခွဲများဖွင့်လှစ်ခဲ့ရာ ယခုဖွင့်လှစ်ခဲ့တဲ့ ရွှေဂုံတိုင်ဘဏ်ခွဲဟာ (၂၅)ဘဏ်မြောက် ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်/
 
ဒီလိုဆောင်ရွက်မှုတွေအပြင် ယူနိုက်တက်အမရဘဏ်လီမိတက်အနေနဲ့ ကမ္ဘောဇဘဏ်၊ CB Bank ၊ မြ၀တီဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တို့နဲ့ ချိတ်ဆက်ထားပြီး ငွေစုခြင်း၊ စာရင်းသေအပ်ခြင်း၊ ငွေလွှဲခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းများ
 ဆောင် ရွက်ခြင်းစတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် Western Union နဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားငွေလွှဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ GIRO လျှပ်စစ်မီတာဘီလ် ၀န်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ref;mrtv-4

No comments:

Post a Comment

back to top