Tuesday, February 25, 2014

ပြည်ထောင်စုလွှတ်တော်နာယက တရုတ်ကွန်မြူနစ်ပါတီမှ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Ai Ping ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ များဖြစ်ကြသော ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ထွန်းနှင့် လွှတ်တော်ရုံးမှတာဝန်ရှိ သူများတက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး လည်းတက်ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအားတွေ့ဆုံ
ဆွေးနွေးကြသည်။

No comments:

Post a Comment

back to top