Thursday, February 27, 2014

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်အတွင်းက ၀ယ်ယူခဲ့တဲ့ မီးငြှိမ်းသတ်ယာဉ်များအနက်မှအချို့ကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်သို့ ဖေဖော်ဝါရီလ (၂၄)နှင့် (၂၅)ရက်တို့မှာ အခမ်းအနားနှင့် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုပေးအပ်ရာမှာတော့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်(၁၀)စီးနဲ့ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ် ယာဉ်(၄)စီး လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မှ သက်ဆိုင်ရာတာဝန်ရှိသူတွေထံကို မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက မီးငြှိမ်းသတ်ယာဉ်များ နှင့် သက်ဆိုင်တဲ့ စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဌာန၊ ပြည်နယ်ဝန်ကြီးများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ တာ ဖြစ်တယ် လို့သိရပါတယ်။ 
Ref;mrtv-4

No comments:

Post a Comment

back to top