ပါလက်စတိုင်းနိုင်ငံကို အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံက တရားဝင် အသိ အမှတ်ပြု
ပြင်သစ်လွှတ်တော် သည် ပါလက်စတိုင်း နိုင်ငံကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြု ခဲ့ပြီးနောက် ယင်းနိုင်ငံသည် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုသည့်ပဉ္စမက်မြောဥရောပနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်းသိရသည်။ ပြင်သစ် အမျိုးသား ညီလာခံသည် ပါလက်စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုရေးနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၂ ရက်က မဲခွဲဆုံးဖြတ် ခဲ့ကြပြီး ယင်းသို့ မဲခွဲရာ၌ ထောက်ခံမဲ ၃၃၉ မဲ နှင့် ကန့်ကွက်မဲ၁၅၁မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ပါလက် စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ယခင်ကဗြိတိန်၊ စပိန်၊ အိုင်ယာလန် နှင့် ဆွီဒင်နိုင်ငံတို့ကတရားဝင် အသိအမှတ် ပြုခဲ့ကြသည်။
ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ် ပြုခြင်းသည် ယင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံ တို့အကြား ပဋိပက္ခများကို ဖြေရှင်းရာတွင် ပိုမိုအထောက် အကူပြုမည်ဟု ယုံကြည်ကြောင်းနှင့် ယင်းသို့အသိအမှတ်ပြု လိုက်ခြင်းသည် နှစ်ဖက်အဖွဲ့အစည်းများအကြား ကွဲပြားမှု များနှင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေများကို ဆွေးနွေးဖြေရှင်းရန် ပိုမိုဖိအားပေး နိုင်မည် ဖြစ်ကြောင်း ပြင်သစ်အမျိုးသား လွှတ်တော်ရှိ ဆိုရှယ်လစ် လွှတ်တော်အမတ်များက တင်သွင်း ထားသည့်အဆိုပြုချက်မူကြမ်းတွင်ဖော်ပြထားသည်။
သို့ရာတွင် ပါလက်စတိုင်းကို အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ် ပြုခြင်းသည် နှစ်ဖက်အဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ဖွယ် ရှိသည်ဟု အစ္စရေးသံရုံးက ပြစ်တင်ဝေဖန် ထားကြောင်း သိရသည်။
No comments:
Post a Comment