Sunday, November 9, 2014

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျေးလက် ကျန်းမာရေး ဌာနများကို ခရိုင်အလိုက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၈ဝ ကျော်ကို မွမ်းမံ ပြင်ဆင်မည်


ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျေးလက်ကျန်းမာရေး ဌာနများကို ခရိုင်အလိုက် ဖွင့်လှစ်သွားမည် ဖြစ်သည့်အပြင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၈ဝ ကျော်ကို မွမ်းမံပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးလက် ကျန်းမာရေး ဆေးခန်းများကို ယခုနှစ် အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဦးအေးကိုကိုက ပြောသည်။ ထိုကဲ့သို့ ကျေးလက် ကျန်းမာရေးဌာနများ ခရိုင်အလိုက် ဖွင့်လှစ်နိုင်ရန် ခရိုင်တစ်ခုလျှင် ငွေကျပ်သိန်း ၅ဝဝ စီဖြင့် သိန်းပေါင်း ၁၁ဝဝဝ ကို ကျေးလက် ကျန်းမာရေးဌာနများ အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မြို့ရှိ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၈၄ ခုကို မွမ်းမံ ပြင်ဆင်ရန်လည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ကျေးလက် ကျန်းမာရေးဌာနများသို့ ဆေးများကို ထုတ်ပေးရာတွင်လည်း ခွဲတမ်း စနစ်ဖြင့် ထုတ်ပေးခြင်း မပြုတော့ဘဲ ဒေသအလိုက် လိုအပ်ချက်ရှိသည့် အတိုင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ အချို့ ကျေးလက်ဒေသများ၌ ဆရာဝန် မလုံလောက်မှုကြောင့်  ဆရာဝန်များကိုလည်း အသစ် ထပ်မံ ခန့်အပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ တိုက်နယ်ဆေးရုံ ၅ဝ၅ ခု၊ ကျေးလက် ကျန်းမာရေးဌာန ၁၅ဝ၄ ခုနှင့် ဒေသန္တရ ကျန်းမာရေးဌာန ၈၆ ခု ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top