ဗီယက်နမ် နိုင်ငံမှ ကုမ္ပဏီ ပေါင်း ၆ဝ ကျော် ပါဝင် ပြသမည့် Vietnam Expo 2014 ကို ရန်ကုန် မြို့၌ ကျင်း ပမည်
ဗီယက်နမ်နိုင်ငံ အခြေစိုက် ကုမ္ပဏီပေါင်းများစွာ ပါဝင်ပြသမည့် ဗီယက်နမ် ကုန်စည်ပြပွဲ (Vietnam Expo 2014) ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ထိုကုန်စည်ပြပွဲတွင် ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၆ဝ ကျော် ပြခန်းပေါင်း ၁၂ဝ နီးပါး လာရောက် ပြသရန် စီစဉ်ထားပြီး လူသုံးကုန်ပစ္စည်းများ၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ ဆေးနှင့် အလှကုန် ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ စက်မှုလက်မှု ပစ္စည်း များနှင့် အခြားသော အသုံး အဆောင်ပစ္စည်းများကို ကုန်စည်ပြပွဲကျင်းပစဉ် ရက်များအတွင်း၌ ပြခန်းများဖွင့်လှစ် ကာ ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန်၊ ဗီယက်နမ်မှထွက်ရှိသော အရည်အသွေးမြင့် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကို မြန်မာနိုင်ငံသားများအား မိတ်ဆက်ပေးပြီး ဈေးကွက်မြှင့်တင်နိုင်စေရန် စသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲ ဖြစ်မြောက်ရေးအတွက် ပြည်တွင်းရှိစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဗီယက်နမ်နိုင်ငံမှ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ဗီယက်နမ် ကုန်စည်ပြပွဲများကို လွန်ခဲ့သော ၂ဝဝ၂ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ရာ ယခု ကျင်းပမည့် Vietnam Expo 2014 ကုန်စည်ပြပွဲ သည် ဗီယက်နမ်နိုင်ငံမှ ရှစ်ကြိမ်မြောက် လာရောက် ပြသခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment