နောက်ထွက်မည့် Windows က Windows 10 ဖြစ်
စက်တင်ဘာ ၃၀ က Microsoft ရဲ့ Build conference မှာ Microsoft တို့ရဲ့ နောက်မျိးဆက် Windows ကို ကြေညာသွားပါတယ်။ ယင်းဟာ Windows 10 ဖြစ်ပါတယ်။ Windows 9 မဟုတ်ပါဘူး။ ဒါဟာ psycho trick တစ်ခု သုံးခြင်း သဘောတစ်ခုပါပဲ။ လူတွေ အနေနဲ့ Windows 8 ကို သုံးရမှာ စိတ်ပျက်နေတဲ့ အချိန် Windows 9 လည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ထင်နေကြတဲ့ စိတ်ကို ပျက်အောင် လွမ်းမိုးဖို့ အတွက် အဆင့်ကျော်လို့ Windows 10 လို့ အမည်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။
ထူးခြားချက် ကတော့ PC, Tablet ပေါ်မှာကော၊ မိုဘိုင်းဖုန်း မှာကော၊ Xbox မှာ ကော အသုံးပြုမယ့် Windows က အတူတူပဲ ဖြစ်သွားပါမယ်။ ဒီတော့ Developer တွေ အလုပ်မရှုပ်တော့ပဲ App တစ်ခု ဖန်တီးပြီး Platform တိုင်းမှာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Windows 7 က အားသာချက်နဲ့ Windows 8 က အားသာချက်များကို ပေါင်းစပ်လို့ ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိ ကမ္ဘာမှာ Windows 8 နဲ့ 8.1 ကို အသုံးပြုသူဟာ ၁၃.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ၅၁.၂ ရာခိုင်နှုန်းဟာ Windows 7 ကို အသုံးပြုနေပြီး ၂၃.၉ ရာခိုင်နှုန်းက Microsoft မှ ထောက်ပံ့မှု မပေးတော့တဲ့ Windows XP ကို အသုံးပြုနေကြ ပါတယ်။ ဒီတော့ Windows 8 ဟာ မကျရှုံးရင်တောင် အောင်မြင်တဲ့ Product မဟုတ်ခဲ့တ သေချာ ပါတယ်။ Tablet ရောင်းအား တက်စေခဲ့ပေမယ့် PC ဈေးကွက်မှ ရောင်းအား အင်မတန် ကျခဲ့ ပါတယ်။
ဒါကြောင့်မို့ အမှားတွေကနေ သင်ခန်းစာယူပြီး Windows 10 မှာ အကောင်းဆုံး ဖန်တီး သွားမည် ဖြစ်ကြောင်း Microsoft မှ တာဝန်ရှိသူများက ပြောကြားခဲ့ ပါတယ်။

No comments:
Post a Comment