Tuesday, October 21, 2014

 ဆေးဖက်ဝင် ရဲယိုပင် အကြောင်းသိကောင်းစရာ



ရဲယိုသီးသည်ပူစပ်သောအရသာရှိပြီး အနည်းငယ်ချဉ်၏။


သွေးသည်းခြေ၊ လေသလိပ်တို့ကိုနိုင်၏၊ 


အစာမ ကြေနာ၊လေနာ၊သည်းခြေနာတို့ကိုနိုင်၏။



ရဲယိုရွက်ကိုပြုတ်ပြီးစားလျှင် လေချုပ်ရောဂါ၊ ၀မ်းဗိုလ်နာရောဂါ၊ အာခေါင်ပူလောင်သောရောဂါ၊ သည်း ခြေ ဖေါက်ပြန်သောရောဂါနှင့်သွေးတိုးရောဂါများအားသက်သာ ပျောက်ကင်းစေသည်။



ရဲယိုရွက်ကိုငါးမြွေထိုးအားနှင့်ပြုတ်ပြီးသုတ်စားလျှင်ပင်လယ်အူနာကိုသက်သာပျောက်ကင်းစေသည်။ ရဲယို ရွက်ကိုသုတ်စားပါက နို့ချောင်းပိတ်ရောဂါ၊ နို့ရေခန်းရောဂါ၊ သကျဉ်းကိုက်ရော ဂါ၊၀မ်းရစ်ပြီးနာခြင်းနှင့် နာခေါင်းသွေးလျှံခြင်းတို့ကိုပျောက်ကင်းစေသည်။



နှလုံးရောဂါ၊သွေးလွန်ရောဂါနှင့်ဆီးချိုရောဂါများအတွက်ဒန့်သလွန်ရွက်နှင့်ရောပြီးဟင်းချိုအဖြစ်ချက် သောက် ပါကသက်သာပျောက်ကင်း စေပါသည်။ ရဲယိုသီးကိုပျားရည် နှင့်ခေါက်ပြီးစားလျှင် ချေင်းဆိုး ရောဂါနှင့်ပန်းနာ ရောဂါတို့ကိုသက်သာ ပျောက်ကင်းစေသည်။



ရဲယိုသီးမှည့်ကိုထန်းလျက်နှင့်စားသော်အစာမကြေခြင်းအားပျောက်ကင်းစေသည်။ရဲယိုသီးကိုပျားရည်နှင့် ခေါက်ပြီးစားလျှင် ချောင်းဆိုးရောဂါနှင့်ပန်းနာရောဂါတို့ကိုသက်သာပျောက်ကင်း စေသည်။ ရဲယိုသီး မှည့်ကိုထန်းလျက်နှင့်စားသော်အစာမကြေခြင်းအားပျောက်ကင်းစေသည်။ ရဲယိုသီးနုကို ပြုတ်ပြီး သုတ်စား ပါက လေထိုးလေအောင့်နှင့် သွေးတတ်ရောဂါများပျောက်ကင်းစေသည်။


No comments:

Post a Comment

back to top