မြန်မာ လာအိုကိုနိုင်ပြီး အုပ်စုဗိုလ်ဖြင့် ဆူဇူကီးခြေစစ်ပွဲအောင်
ဆူဇူကီးဖလား ခြေစစ်ပွဲတွင် မြန်မာလက်ရွေးစင်ဘော လုံးအသင်းက အိမ်ရှင်လာအိုကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စု ဗိုလ်ဖြင့် ခြေစစ်ပွဲအောင်သွားသည်။ နှစ်သင်းစလုံးမှာ ဆူဇူကီးဖလား နောက်ဆုံးရှစ်သင်းအဆင့် သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲတွင် အစဉ်အလာအရ အသာရသော မြန်မာကပင် ခြေစွမ်းအသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် ပထမဂိုးကို ပထမပိုင်း ၄၄ မိနစ်တွင် နန္ဒလင်းကျော်ချစ်က သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပင်နယ်တီမှ တစ်ဆင့် ကျော်ကိုကိုက သွင်းယူပေးခဲ့သည်။ လာအိုအတွက် ချေ ပဂိုးတစ်ဂိုးကို နာကျင်အချိန်ပိုတွင် ပင်နယ်တီမှပင် သွင်းယူသွား ခဲ့ခြင်းဖြစ်သည်။ လာအိုအသင်းမှာ ပထမပိုင်းတွင် ပင်နယ်တီရရှိ ခဲ့သော်လည်း ဂိုးပေါက်မတည့်၍ ဦးဆောင်ဂိုးရရန်အခွင့်အရေး ဆုံးရှုံးခဲ့သည်။ လေးပွဲကစားရာတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ်(၁၀)မှတ်ရရှိခဲ့သော အုပ်စုဗိုလ်မြန်မာသည် စင်ကာပူ၊ မလေးရှား၊ ထိုင်းတို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လာအိုမှာ ဗီယက်နမ်၊ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့် တစ်အုပ်စု တည်းကျရောက်သွားသည်။
No comments:
Post a Comment