Wednesday, October 15, 2014

ကိုင်ရို ညီလာခံမှာ ပါလက်စတိုင်းလူမျိုးများအတွက် နိုင်ငံတကာမှ အလှူရှင်များက ဒေါ်လာ (၅.၄) ဘီလီယံ ထောက်ပံ့

အီဂျစ်နိုင်ငံ ကိုင်ရိုမှာ ပြုလုပ်ခဲ့တဲ့ ညီလာခံမှာ နိုင်ငံတကာမှ အလှူရှင်များက ပါလက်စတိုင်း လူမျိုးများအတွက် ဒေါ်လာ (၅.၄)ဘီလီယံ ထောက်ပံ့မဲ့ ကတိကို ရခဲ့ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ဘို့ခ်ျဘရန်ဒီကပြောကြား ခဲ့သည်။ ပါလက်စတိုင်းက တောင်းဆိုထားသည့် ဒေါ်လာ (၄)ဘီလီယံထက် များနေတာကို တွေ့ရှိရပါသည်။

ထောက်ပံ့ငွေ တစ်ဝက်ကို ဂါဇာဒေသမှာ ပျက်စီးသွားတဲ့ အခြေခံအုတ်မြစ်တွေ၊ အိုးအိမ်တွေ ပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို ဘယ်မှာ သုံးမည်ဆိုတာကို မသိရှိရသေးဟုဆိုသည်။ ယခုနှစ် အစောပိုင်းက အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ဖြစ်ပွားခဲ့သည့် ရက်(၅၀)ကြာ တိုက်ပွဲတွေမှာ ဂါဇာနေ အရပ်သား (၁)သိန်း ထက်မနည်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရ ကြောင်း ရိုက်တာသတင်းအရ သိရှိရပါသည်။

No comments:

Post a Comment

back to top