Thursday, October 2, 2014

ပွဲငှားလက်မခံ မိုးယုစံ



သရုပ်ဆောင် တစ်ဦး ဖြစ်သော်လည်း မြန်မာ အကကို ပိုင်နိုင်စွာ ကပြနိုင်သည့် မိုးယုစံက နှင်းဆီ အဖွဲ့သားများ နှင့် အတူ အငြိမ့်က ဖြစ်နေသော်လည်း အငြိမ်း မင်းသမီး အစစ်အမှန် မဟုတ်သောကြောင့် ပွဲငှားများကို လက်မခံခဲ့ကြောင်း ပြောသည်။ “မိုးယု အငြိမ့် ကရတာ သဘော ကျပါတယ်။ မင်းသမီးထဲမှာ ကတတ်တဲ့ အထဲမှာ ညီမကို ထည့်ထားတယ်။ အငြိမ့်ပွဲ တွေလည်း လာငှား ကြပါတယ်။ အငြိမ့် အခွေ အတွက်လည်း လာငှား ကြပါတယ်။ အခုလို လာငှားကြတဲ့ အတွက် မိုးယု ကလေ ပြောချင်တာက အရမ်းကို အားနာပါတယ်။ တော်ရုံ တန်ရုံ လက်မခံဖြစ်ဘူး။ လက်မခံဖြစ်ဘူး ဆိုတာ ကလည်း မိုးယု က နှင်းဆီမှာလည်း ကထားတယ်။ ပြီးတော့ မိုးယု က အပြင်မှာ ထွက်ကဖို့ ကိုယ်တိုင်က အငြိမ့် မင်းသမီးလည်း မဟုတ်တဲ့ အတွက်ရယ်၊ ကိုယ့်ကိုလည်း အရမ်း ယုံယုံ ကြည်ကြည်လည်း မဟုတ်ဘူးလေ။

အချို့ပွဲတွေ မက ဖြစ်တာ များပါတယ်။ ဆယ်ခုမှာ တစ်ခု လောက်ပဲ လက်ခံ ဖြစ်တယ်။ အဲဒီ အတွက် ပွဲလာငှားတဲ့ သူတွေ ကိုလည်း အားနာပါတယ်။ အငြိမ့် ကနေ ရပေမယ့် အသားကျပြီလား ဆိုတော့ မကျသေးပါဘူး။ တစ်ခါတလေ ကပြရတာ အရမ်း ပင်ပန်းတယ်။ ကိုယ်က က နေကျ မဟုတ်တော့လေ။ အစကတည်းက ကလာတဲ့ သူမဟုတ်လို့ သင်တဲ့ အခါရော၊ ကတဲ့ အခါရော အရမ်း ပင်ပန်းပါတယ်။
တစ်ခါတလေ အသက် ရှူကျပ်တယ်။ နောက်ပြီး အငြိမ့်သမား စဉ်တွေလည်း မသိပါဘူး။ တချို့ ပြက်လုံးတွေဆို မပြောတတ်တာ ရှိတယ်။ ဒါပေမဲ့ ကြိုးစားပြီး ကပါတယ်။ အငြိမ့် မင်းသမီး မဟုတ်တဲ့ အခါကျတော့ အခက်အခဲ တွေရှိပါတယ်။ အဲဒါကြောင့် နှင်းဆီ နဲ့တော့ ကဖြစ်တယ်။ အပြင် မှာတော့ မိုးယု မကပါဘူး။ ပွဲလာငှားတဲ့ သူတွေကို အားနာရပါတယ်”” ဟု မိုးယုစံက ပြောသည်။မိုးယုစံသည် ကွမ်းလုံရက် (၄၀) ဇာတ်လမ်းတွဲ တွင်လည်း ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

No comments:

Post a Comment

back to top