Tuesday, October 14, 2014

ထွန်းထွန်းမင်းနှင့် ထိုင်းလက်ဝှေ့ချန်ပီယံဆုရှင် ယှဉ်ပြိုင်ထိုးမည်




မြန်မာနိုင်ငံရိုးရာလက် ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင် မြန်မာပြည်ချန်ပီယံ ထွန်း ထွန်းမင်းနှင့် ၂၀၁၄ ခုနှစ် ထိုင်း လက်ဝှေ့ချန်ပီယံဆုရှင် ဥဇဘက် ကစ္စတန်နိုင်ငံသား တူတာဘို့ဗ်နှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစား ခန်းမတွင် ကျင်းပ သွားမည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများမှ လက်ဝှေ့ချန်ပီယံများ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဓိက တွဲဆိုင်းခုနစ်ဆိုင်း ပါဝင်မည်ဖြစ်သည်။

မြန်မာပြည်ချန်ပီယံဘွဲ့ကို စောငမန်းထံမှ လွှဲပြောင်းရယူခဲ့သော ချန်ပီယံသစ် ထွန်းထွန်းမင်း၏ ပထမဆုံး ယှဉ်ပြိုင်မည့် ပွဲစဉ်တွင် ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဘို့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဆီးဂိမ်း ချန်ပီယံ တူးတူးမှာ ၂၀၁၃ ခုနှစ် WMC ချန်ပီယံ ကနေဒါနိုင်ငံသား မက်သရူးနှင့် ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။
အဆိုပါ နိုင်ငံတကာ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းများ အတိုင်းသာ ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ အဓိက တွဲဆိုင်းများ အပြင် အခြား စိန်ခေါ်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဓိက တွဲဆိုင်းများအဖြစ် ထွန်းထွန်းမင်းနှင့် တူတာဘို့ဗ်၊ တူးတူးနှင့် မက်သရူး၊ သပြေညိုနှင့် ထိုင်းမွေလက်ဝှေ့သမား နာရွန်ချိုင်၊ ကျားပေါက်နှင့် ဘရာဇီး နိုင်ငံသား ရာဖေးလ်၊ စောအယ်လေးနှင့် မွန်ဂိုလီးယားနိုင်ငံသား ဘတ်ဘာယာ၊ မိုးဟိန်းနှင့် ဖိလစ်ပိုင်နိုင်ငံသား ဂျိုနယ်၊ ရဲမြတ်အောင်နှင့် ဖိလစ်ပိုင်နိုင်ငံသား ဂတ်စ်မန်းတို့ အဓိကယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့် ပြသရန် အတွက် ညှိနှိုင်း နေဆဲဖြစ်ပြီး ရုံဝင်ကြေးအဖြစ် အထူးတန်း ကျပ်ငါးသောင်း၊ ကျပ် သုံးသောင်းနှင့် ရိုးရိုးတန်းကျပ်နှစ်သာင်း၊ တစ်သောင်း သတ်မှတ်ထားသည်။

No comments:

Post a Comment

back to top