Tuesday, October 21, 2014

တရုတ်ဒရာမာဇာတ်လမ်းတွဲမှာ ခေါင်းဆောင်အဖြစ်ပါဝင်မယ့် အီလိုင်



တောင်ကိုရီးယားယောက်ျားလေးအဆိုရှင်များအဖွဲ့U- Kiss  အဖွဲ့ဝင် အီလိုင်သည် Full House ချစ်စံအိမ် အမည်ရ တရုတ်ဒရာမာဇာတ်လမ်းတွဲ တွင် ခေါင်းဆောင်မင်းသားအ ဖြစ် သရုပ်ဆောင်မည်ဟု ဇာတ်လမ်း တွဲထုတ်လုပ်ရေး ကုမ္ပဏီ Group 8 က ပြောသည်။

ကေဒရာမာစတား ရိန်းနှင့် ဆောင်းဟေကိုတို့ အဓိကပါဝင် သရုပ်ဆောင်ခဲ့သော Full House ဇာတ်လမ်းတွဲကို ၂၀၀၄ တွင် တောင်ကိုရီးယား၌ ပထမဆုံး ထုတ်လွှင့်ပြသခဲ့ပြီး အာရှတစ် ၀န်းတွင် နာမည်ကျော်ကြား လူ ကြိုက်များခဲ့သည်။
ယင်းကေဒရာမာဇာတ်လမ်း တွဲ Full House ကို တရုတ် ဒရာ မာဇာတ်လမ်းတွဲအဖြစ် ပြန်လည် ဆန်းသစ်ရိုက်ကူးရာတွင် U-Kiss အဖွဲ့ဝင် အီလိုင်ကို ခေါင်းဆောင် မင်းသားအဖြစ် ရွေးချယ်ခဲ့သည် ဟု Group 8 ကုမ္ပဏီက ပြော သည်။
အောက်တိုဘာ ၂၃ ရက် တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ပြီးနောက် ခေါင်းဆောင်မင်း သမီး ရွေးချယ်မည်ဟု Group 8 က ပြောသည်။ Full House တရုတ်ဒရာမာ ဇာတ်လမ်းတွဲကို လာမည့် ဒီဇင် ဘာတွင် စတင်ရိုက်ကူးမည် ဖြစ် သည်။

No comments:

Post a Comment

back to top