ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမူများကြောင့် ဒဏ်ငွေနှင့် ကွင်းပိတ်ပြစ်ဒဏ် အာရှ ဘောလုံး အဖွဲ့ချုပ်မှ ချမှတ်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော AFC U 19- Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ် အချို့၏ မလိုလားအပ်သော အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀၀ နှင့် နှစ်နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများမှ ပွဲစဉ် (၁) ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက် က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူခဲ့သည်။
အောက်တိုဘာ ၂၀ ရက် ည ၇ နာရီတွင် ကစားမည့် ကာတာအသင်းနှင့် ဆီမီးဖိုင်နယ်တွင် မည်သည့် ရလဒ် ထွက်ပေါ်လာ သည်ဖြစ်စေ ဘောလုံးချစ် ပရိသတ်များ အနေဖြင့် မြန်မာအသင်း၏ ကြိုးစားအားထုတ် အောင်မြင်ခဲ့မှုကို ချီးကျူး အသိအမှတ်ပြု နားလည်သည့် အနေဖြင့် မလိုလားအပ်သော မည်သည့် အပြု အမူကိုမျှ မပြုလုပ်မိစေရန်၊ အချင်းချင်းဝိုင်းဝန်းထိန်းသိမ်း ကူညီောဆင်ရွက်ပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အထူးမေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။
No comments:
Post a Comment