Friday, October 31, 2014

ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်သို့ မည်သည့်ဒေသမှ ကျောင်းသား ကျောင်းသူမဆို တက်ရောက် ပညာ သင်ယူနိုင်ရန် စီစဉ်

၂ဝ၁၄-၂ဝ၁၅ တက္ကသိုလ် ပညာသင်နှစ်မှ စတင်ကာ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့၌ ဖွင့်လှစ်ထားသော ဝိဇ္ဇာ၊ သိပ္ပံ လေးနှစ်ဘွဲ့ သင်တန်းများကို အရည်အချင်း ပြည့်မီသော မည်သည့်ဒေသမှ ကျောင်းသား၊ ကျောင်းသူမဆို တက်ရောက်နိုင်စေရန်   အဆိုပါ တက္ကသိုလ်များသို့ ဝင်ခွင့် လျှောက်ထား ခြင်းကို ခွင့်ပြုရာတွင် နေရာဒေသများ ရွေးချယ် ကန့်သတ်ခြင်း မရှိဘဲ လျှောက်ထား ခွင့်ပြုထားကြောင်း သိရသည်။
ယခင်က အထက် မြန်မာပြည်မှ ကျောင်းသား၊ ကျောင်းသူများသည် မန္တလေး တက္ကသိုလ်၌  တက်ရောက်ရပြီး အောက်မြန်မာပြည် မှ ကျောင်း သား၊ ကျောင်းသူများသာ ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခွင့် ရရှိသည်။ မန္တလေး တက္ကသိုလ်မှ ရန်ကုန် တက္ကသိုလ်သို့ ပြောင်းရွှေ့ လိုသူများသည် သန်းခေါင်စာရင်းများ ပြောင်းရွှေ့ရခြင်း၊ လိုအပ်သော ထောက်ခံစာများ တင်ပြရခြင်းတို့ လုပ်ဆောင်ရသော်လည်း ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းရှိ မည်သည့်ဒေသမှ ကျောင်းသား၊ ကျောင်းသူများကိုမဆို အရည်အချင်း ပြည့်မီပါက မိမိတို့ တက်ရောက်လိုသော တက္ကသိုလ်များ၌ ပညာ သင်ယူခွင့် ရရှိစေရန် နေရာဒေသ ကန့်သတ်ချက်များကို ဖယ်ရှားပေးထားပြီ ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၂ဝ၁၄-၂ဝ၁၅ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့၌ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ် ၂၁ ခုကို လေးနှစ် ဘွဲ့သင်တန်းအဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင်   ဖွင့်လှစ်မည့် အဆိုပါ လေးနှစ်ဘွဲ့ သင်တန်းများ၏ ပထမနှစ် သင်တန်းသို့ တက်ရောက်ရန် လျှောက်ထား လိုသူများသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အနည်းဆုံး စုစုပေါင်း ရမှတ် ၄၅ဝ ဖြင့် အောင်မြင် ထားရမည် ဖြစ်ကြောင်း သိရသည်။      

No comments:

Post a Comment

back to top