Tuesday, October 14, 2014

ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး ထောက်ပံ့ ကူညီမည်ဟု ဂျပန်နှင့်အီဂျစ် အတည်ပြု ပြောကြား


ထိခိုက် ပျက်ဆီးခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် အထောက်အကူတွေ ပေးအပ်သွား မှာဖြစ်ကြောင်း ဂျပန်နဲ့ အီဂျစ်နိုင်ငံတို့က အတည်ပြု ပြောကြားလိုကသည်။ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး Yasuhide Nakayama (ယာဆူဟီဒီနာကာယာမာ)နဲ့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry (ဆာမက် ရှော်ကရီ)တို့က ပြီးခဲ့တဲ့ စနေနေ့က ကိုင်ရိုမှာ ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးမှုအတွင်း သဘော တူညီမှု ရရှိခဲ့ကြခြင်းဖြစ်သည်။

အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂါဇာဒေသက ဟားမက်စ်အဖွဲ့တို့ကြား ပြင်းထန်လှသည့် တိုက်ခိုက်မှုတွေကို ကြားဝင်အဆုံးသတ်ရန် လုပ်ဆောင်သည့် အီဂျစ်ရဲ့ ကြိုးပမ်း အားထုတ်မှုကို ဂျပန်နိုင်ငံက နှိုင်းချင့် သုံးသပ်မိကြောင်းနဲ့ ပါလက်စတိုင်းနယ်မြေ ပြန်လည်တည်ဆောက်ရေး အတွက် ထောက်ပံ့ကူညီမှု ဆက်လက်တိုးမြှင့် ဆောင်ရွက်ရာမှာ အီဂျစ်နိုင်ငံနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး နာကာယာမာက ပြောကြားခဲ့သည်။ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဂျပန်နိုင်ငံရဲ့ တာဝန်ယူမှုကို အီဂျစ် ကများစွာ မျှော်လင့်ကြောင်း အီဂျစ် နိုင်ငံခြားရေး ၀န်ကြီး ရှော်ကရီက ပြောကြားခဲ့ပါသည်။ နောက်နှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ဂါဇာဒေသကို နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်တွေ သွားရောက်ဖို့ အစီအစဉ်ကိုလည်း ဂျပန်နှင့် အီဂျစ်တို့ သဘော တူညီခဲ့ကြပါတယ်။ အောက်တိုဘာလ (၁၂) ရက်နေ့က အီဂျစ် နိုင်ငံခြားရေးဝန်ကြီး သဘာပတိအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဂါဇာဒေသအပေါ် နိုင်ငံတကာ ထောက်ပံ့လှူဒါန်းရေး ညီလာခံကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးက တက်ရောက် ခဲ့ပြီး ဂါဇာဒေသမှာ အပျက်အစီးတွေ ဖယ်ရှားရေးနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို ကူညီဖို့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း(၂၀) နီးပါး ပေးအပ်လှူဒါန်းသွားမှာဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်ဟု NHK သတင်းမှာ ပါရှိပါသည်။

No comments:

Post a Comment

back to top