Wednesday, September 10, 2014

ဘိုအာ၏ ဂျပန် ဖျော်ဖြေပွဲ ခရီးစဉ် စတင်         


တောင်ကိုရီးယား အမျိုးသမီး နာမည်ကြီး အဆိုတော် တစ်ဦး ဖြစ်သည့် ဘိုအာသည် ဂျပန် ဘာသာဖြင့် သီဆိုထားသော၎င်း၏ ရှစ်ခုမြောက် တေးအယ်လ်ဘမ် ဖြစ်သည့်  Who's Back တေးအယ်လ်ဘမ်သစ်ကို အရောင်း မြှင့်တင်သည့် အနေဖြင့် ဂျပန်နိုင်ငံတွင် ဖျော်ဖြေပွဲ ခရီးစဉ်ကို စတင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘိုအာ၏ ဖျော်ဖြေရေး ခရီးစဉ်ကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုကျိုမြို့ရှိ NHK ခန်းမတွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယင်းဖျော်ဖြေပွဲ ခရီးစဉ်သည် လေးနှစ်ခွဲတာ အချိန် ကာလအတွင်း ပထမဆုံး ကျင်းပသည့် ဘိုအာ၏ ဖျော်ဖြေပွဲ ခရီးစဉ် ဖြစ်သည်။
အဆိုပါ ဖျော်ဖြေပွဲ၌ ဘိုအာသည် အအောင်မြင်ဆုံး တေးသီချင်းများ ဖြစ်သည် ID: Peace B ၊ Only One ၊ Valenti ၊ Listen To My Heart ၊ Eat You Up နှင့် Fly တေးသီချင်းများ အပါအဝင် ပရိသတ် နှစ်သက်သော တေးသီချင်း အပုဒ် ၂ဝ ခန့်ကို အချိန် နှစ်နာရီခွဲကြာ ဖျော်ဖြေ ခဲ့သည်။
ဘိုအာ ဖျော်ဖြေနေစဉ် ပရိသတ်များက မီးကျောက် ချောင်းများကို ကိုင်ဆောင်၍ ဝှေ့ယမ်းကာ ဘိုအာ နှင့်အတူ တေးသီချင်း များကို လိုက်ပါ သီဆို အားပေးခဲ့ကြသည်။
ဘိုအာသည် တိုကျိုမြို့ ဖျော်ဖြေပွဲပြီးသည့် နောက်တွင် နာဂိုယား အိုဆာကာနှင့် ဖူခူအိုခါမြို့ များတွင် ဖျော်ဖြေပွဲများ ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။

No comments:

Post a Comment

back to top