သရုပ်ဆောင်ကောင်းပဲဖြစ်ချင်တယ်ပြောတဲ့ ဆုမြတ်နိုးဦး
သရုပ်ဆောင် လောကတွင် ခြေလှမ်း စိပ်လာသည့် ဆုမြတ်နိုးဦးက မင်းသမီး
ဖြစ်ချင်စိတ် များထက် သရုပ်ဆောင်ကောင်း တစ်ယောက်သာ ဖြစ်ချင်ကြောင်း
ပြောသည်။''မြတ်နိုးက ပြောရရင် ဒီလောကမှာ ခြေလှမ်းရုံပဲရှိပါသေးတယ်။ မြတ်နိုး အောင်မြင်တယ် နေရာရတယ်လို့လည်း မခံယူထားပါဘူး။ မြတ်နိုးသွား ရမယ့်
လမ်းတွေ အများကြီး ရှိပါသေးတယ်။ လက်ရှိ အနေအထား ကိုလည်း မကျေနပ်သေးဘူး။
ဒါကြောင့် ပရိသတ်ရဲ့ အားက မြတ်နိုးအတွက် အားဆေး တစ်ခုလို ပါပဲ။ ဒီလုပ်ငန်းက
နည်းနည်း တိုက်ခိုက် တာမျိုးတွေလည်း ကြုံရတာပေါ့နော်။ ဒါပေမဲ့လည်း
မြတ်နိုးက ကိုယ်ကောင်း ရင် ခေါင်းမရွေ့ဘူး ဆိုတာကို လက်ခံထား ပါတယ်။
အချိန်တွေ ကြာလာရင်တော့ သိလာမှာ ပေါ့နော်။ မြတ်နိုးက မင်းသမီးဆိုတာထက်
မြတ်နိုး အတွက် နေရာ ရမယ် လုပ်ကွက်တွေ ရမယ်။ ပရိသတ်ကလည်း ဒါ
ဆုမြတ်နိုးဦးပါလား ဆိုတဲ့ သတိ ထားမိ လာမယ်။ ပရိသတ်ကလည်း တကယ်ကို လက်ခံ
အားပေးတာကို လိုချင်တာ။ မှန်မှန် ကန်ကန် နဲ့ အားပေးမယ့် အနုပညာရှင်
တစ်ယောက် သရုပ်ဆောင်ကောင်း တစ်ယောက်ကို ဖြစ်ချင် တာပါ။ အနည်းဆုံးတော့
နာမည်ဆိုး မရှိတဲ့ သရုပ်ဆောင် တစ်ယောက်လိုပေါ့နော်။ဗီဒီယို ဇာတ်ကားတွေလည်း
ဆက်တိုက် ရိုက်ဖို့ ရှိပါတယ် ကမ်းလှမ်း လာရင် လာသလို လုပ်သွား မှာပါ။''ဟု
ဆုမြတ်နိုးဦးက ပြောသည်။
ဆုမြတ်နိုးဦးသည် ဇာတ်ကား များစွာ ရိုက်ကူးနေရပြီး၊ ဓာတ်ပုံများလည်း ရိုက်ကူး နေရကြောင်း ပြောသည်။

No comments:
Post a Comment