Friday, August 8, 2014

ဆရာများ၏ သင်ကြားမှုကို ကျောင်းသားများက မှတ်ချက်ပေး သည့်စနစ် YTU တွင် စတင်ကျင့်သုံးမည်

ကျောင်းသား၊ ကျောင်း သူများက ဆရာ၊ ဆရာမများ၏ သင်ကြားမှုကို အကဲဖြတ်မှတ် ချက်ပေးမည့်စနစ် (Student Evaluation Test) ကို ရန်ကုန်နည်း ပညာတက္ကသိုလ် (YTU) တွင် စ တင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘွဲ့ကြိုနှင့် ဘွဲ့လွန်တက် ရောက်နေသည့် နည်းပညာတက္က သိုလ် ကျောင်းသား၊ ကျောင်းသူ၊ များက ဆရာ၊ ဆရာမများ၏ သင် ကြားမှုနှင့်ပတ်သက်၍ အကဲဖြတ် မှတ်ချက်ပေးသည့်စနစ်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌သာ ပထမဆုံးအကြိမ် စတင်ကျင့် သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန် နည်းပညာ တက္က သိုလ်ရှိ ဘွဲ့ကြို၊ ဘွဲ့လွန်တက် ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများအား ဘာသာ ရပ်အလိုက် သင်ကြားပေးနေ သည့် ဆရာ၊ ဆရာမများ သင် ကြားပေးနေသည့် စနစ်များနှင့် ပတ်သက်သော မေးခွန်းခုနစ်ခု ပါဝင်သည့် စာရွက်များကို ဝေငှ ပေးသွားမည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများက ကောင်း၊ သင့်၊ ညံ့စသည်ဖြင့် အကွက်ငါးခုမှ တစ်ခုကို ရွေးချယ်ပေးရမည်ဖြစ်ပြီး ကျောင်းသားရေးရာဌာနကသိမ်းဆည်း​၍ ပါမောက္ခချုပ်ထံသို့ ပေးပို့သွားမည်ဖြစ်သည်။
‘‘ပထမဆုံး Test ဖြစ်တဲ့အ တွက်ကြောင့် ဆရာ၊ ဆရာမ သင် ကြားတဲ့စနစ်နဲ့ ပတ်သက်ပြီးတော့ ကျောင်းသားက မှတ်ချက်ပြန်ပေး တာမျိုး လုပ်မှာပါ။ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်းတွေ စာရွက်နဲ့ ချပေးမယ်။ အဲဒီမှာ ကျောင်းသားရဲ့ နာမည်၊ ခုံနံပါတ် တွေကို မရေးခိုင်းဘဲ ဖြည့်ခိုင်း မယ်။ ပြီးရင် ပြန်သိမ်းသွားပြီးတော့ အကဲဖြတ်သွားမှာပါ။ ဆရာတို့ က ကြည့်ပြီးတော့ ဆရာ၊ ဆရာမ တွေကို ခေါ်ပြီးတော့ အသိပေး သွားမှာပါ’’ ဟု ရန်ကုန်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာအေးမြင့်က ပြောသည်။
ယခုနှစ်အတွက် အဆိုပါ စနစ်ကို ဒုတိယနှစ်ဝက် (Second Semester) တွင် စတင်ပြုလုပ် သွားမည်ဖြစ်ပြီး နောင်နှစ်များ တွင် ပညာသင်နှစ်တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် နှစ်စဉ်ပြုလုပ် သွားမည်ဖြစ်ကြောင်း ပါမောက္ခ ချုပ် ဒေါက်တာအေးမြင့်က ပြော သည်။
‘‘ဆရာသင်ကြားတဲ့ စနစ်၊သင်ကြားပုံ၊ သင်ကြားနည်းတွေကို ကျောင်းသားတွေက ပြန်အကဲဖြတ်မှာပေါ့။ တချို့ ဆရာ၊ ဆရာမက ပင်ကိုအရမ်းတော်တယ်။ တပည့်တွေကို သင်တဲ့နေရာမှာကျတော့ ကွာဟချက်တွေရှိနေတာမျိုးရှိကြတယ်။ နိုင်ငံတကာတက္ကသိုလ်တွေမှာ ဒီလို Evalua-tion Test တွေကို နှစ်တိုင်းလုပ်လေ့ရှိတယ်’’ ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတုဗေဒဌာနမှူးဦးဇော်လေးဝင်းက ပြောကြားသည်။
 ရန်ကုန်နည်းပညာတက္က သိုလ်တွင် ဌာနအလိုက် ဘာသာ ရပ်များကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမပေါင်း ၁၃၁ ဦးရှိ ပြီး ဘွဲ့ကြိုဘာသာရပ်များ တက် ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားပေါင်း ၆၀၀ ကျော် နှင့် ဘွဲ့လွန်ဘာသာရပ်ဆိုင်ရာ မဟာ၊ ပါရဂူ ဘွဲ့များအတွက် တက်ရောက်နေသည့် ကျောင်း သူ၊ ကျောင်းသားပေါင်း ၉၀၀ ကျော်ရှိကြောင်း ရန်ကုန်နည်း ပညာတက္ကသိုလ်မှ သိရသည်။
 ရန်ကုန်နည်းပညာ တက္က သိုလ်တွင် ၂၀၁၃ မှစ၍ ဘွဲ့ကြို သင်တန်းများကို ဖွင့်လှစ်သင် ကြားပေးခဲ့ကာ စာသင်နှစ်တစ် နှစ်လျှင် ကျောင်းသူ၊ ကျောင်း သားဦးရေ သုံးရာကို လက်ခံပြီး အင်ဂျင်နီယာဘာသာရပ် ၁၁ ခု နှင့် ဗိသုကာဘာသာရပ်တစ်ခု စုစုပေါင်း ဘာသာရပ် ၁၂ ခု သင် ကြားပေးလျက်ရှိသည်။
ref.7 day daily

No comments:

Post a Comment

back to top