လတ်တလောမှာ
ဇာတ်ကားတွေ ရိုက်ကူးနေပေမဲ့ အာသီးရောင်နေတာကြောင့် body structure အနည်းငယ်ကျပြီး မျက်နှာချောင်ကျနေတဲ့
မင်းသွေးက ရှုတင်ကို အရောက်လာပြီး သူပါဝင်တဲ့ကဒ်တွေကို ကြိုးစားပမ်းစားရိုက်ကူးနေတာကို
တွေ့ရတဲ့ခါ ပရိသတ်ပေါ်သူထားရှိတဲ့ အနုပညာပေးဆပ်မှုကို မျက်မှန်း တန်းမိပြီးရှုတင်နားခိုက်မှာ
မေးခွန်းများနဲ့ထိတွေ့ဖြစ်ခဲ့ပုံကခုလက်ရှိအနုပညာလှုပ်ရှားမှု အကြောင်း ကိုပြောပြပေးပါဦး။
ခုရိုက်နေတာက ဇိုးတဲ့။ ဒါရိုက်တာက ကို သိုးဆောင်း၊ မင်းသမီးက သဉ္ဖာနွယ်ဝင်း ၊ ပေါ့။
ဒီကားလေးထဲမှာ ကျွန်တော်က အဆိုတော်တစ်ယောက်ပေါ့။ ရိုက်ထားပြီး မထွက်သေးတဲ့ကားတွေက ၁၁
ကားလောက် ရှိတယ်။ အဲ့ဒီကားလေးတွေလဲ တစ်လတစ်ကားပုံမှန် ထွက်လာမှာပါ။ ကာရိုက်တာတွေ ကတော့အစုံပေါ့နော်။
အသုပ်စုံပေါ့။ ကျွန်တော်အတွက် ထူးခြားတဲ့ ကာရိုက်တာလေးတွေလဲ ရှိတယ်။ ဖန်စီကားလေးတွေလဲရှိတယ်။
နောက်ပြီးတော့ နဲနဲလေး ရိုးရိုးလေးနဲ့ ဇာတ်ကြမ်းလေးတွေလဲ ရှိပါတယ်။ ဒီကားလေး ကတော့ လုံးဝရိုမန့်စ်ကိုမှ
သိပ်ချစ်ကြသော၊ အချစ်ကိုအချစ်လို့ခံယူသော ချစ်သူနှစ်ဦးရဲ့ အဖြစ်အပျက်လေးကို ရိုက်ပြထားတာပေါ့။
ဒီကားပြီးရင် ၁၂ ရက်နေ့ကိုဒါရိုက်တာပြည်ဟိန်းသီဟ နဲ့မင်းသမီးစံရတီမိုးမြင့်နဲ့ပါ။ ကျွန်တော်လဲ
မရိုက်ဖူးသေးတဲ့ ကာရိုက်တာ၊ ဒီအသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဆယ်တန်းကျောင်းသား ကာရိုက်တာလေးပေါ့။
ကျောင်းစိမ်းလေးနဲ့ဟာသကားလေးပေါ့။ ရိုက်ဖို့ရှိပါတယ်။
သရုပ်ဆောင်အပြင် ဂီတဖက်ကိုရော ပရိသတ်တွေ တောင်းဆိုမှုအရ ဖန်တီးသွားဖို့ရှိဦးမလား။ အဲဒါက ကျွန်တော်ဂီတကို ၀ါသနာပါတယ်။ ဂီတကို ကိုယ့်သမိုင်း ကိုယ်ရေးဖို့ကြိုးစားနေတယ်။
ဒါပရိသတ် အတွက်ရော၊ ကျွန်တော့်အတွက်ရော ချပြဖို့တွက် ဂီတနဲ့ပတ်သတ်ပြီး လုပ်နေတာလေးတွေ
ရှိပါတယ်။ ကျွန်တော်ခုသေသေချာချာလေး ပလန်ချထားတယ်။ အားလုံးပြည့်စုံပြီ ဆိုရင်တော့ ပြောပြပါ့မယ်။
အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ အပြင်မှာ မြင်တွေ့နေရတဲ့ တချို့အကြောင်းအရာလေးတွေကို ပရိသတ်တွေက
စိတ်ဝင်စားနေကြတော့ ခုလက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။ ကျွန်တော်က အေးဆေး ပါပဲ။ အဲဒါနဲ့ပတ်သတ်ပြီးတော့
မထည့်ပါနဲ့။ အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်သိပ်မပြောချင်ဘူး။ အချစ်ကတော့ အဓိကက
ချစ်နေဖို့လိုတယ်လို့ပဲထင်ပါတယ်။ စာပေနဲ့ပတ်သတ်ပြီးရော ဘာတွေဝါသနာပါလဲ။ ကျွန်တော်ကဗျာရေးတာတော
ဝါသနာပါတယ်။ နယ်မှာနေတုန်းကဆို ၈တန်း ၉တန်းလောက် ကတည်းက ကျောင်းကဆရာက ကဗျာစပ်နည်းလေးတွေ
သင်ပေးလို့စရေးဖြစ်တယ်။ ဘယ်သူ့ကိုမှလဲ မပြဖြစ်ဘူး။ ကျွန်တော့ပါကျွန်တော်သိမ်းထားတာများတယ်။
ကြားထဲမှာ People မဂ္ဂဇင်းကပြောလို့ တစ်ပုဒ်တော့ထည့်ခဲ့ဖူးတယ်။ စီးပွားရေးအရတော့ မဟုတ်ဘူး။
ကလေးဘ၀ကဆိုတော့ ၀ါသနာပါခဲ့တဲ့အရာတွေထဲက အမှတ်တရတစ်ခုပေါ့။ခုမျက်နှာတွေလဲကျနေတော့ ကျန်းမာရေး
ချို့ယွင်းချက် တစ်ခုခုကြောင့်များလား။
ဒီကြားထဲမှာ ကျွန်တော်gym ဆော့ထားတာလဲပါတယ်။ ဒီကားရိုက်နေစဉ် အတောအတွင်းမှာ အာသီးရောင်ပြီး
လေးရက်လောက်ဖျားတယ်။ အစားမစားရတာ ၃ရက်လောက်ရှိတယ်။ ဒီနေ့မှာ နည်းနည်းလေး နလန်ထူပြီးစကားပြောနိုင်တာ၊
ရှေ့က နှစ်ရက်က ရိုက်သာရိုက်ရတယ်။ ကိုယ့်ဟာကို အားမရဘူး။ နဲနဲပင်ပန်းသွားတာပေါ့။ ရှေ့မှာလဲ
ခရီးပန်းတာတွေလဲရှိတော့ အဲဒါတွေကြောင့် မျက်နှာကျနေ တာပါ။

No comments:
Post a Comment