Wednesday, August 13, 2014

ဗလာဗလာဗလာရိုက်ရင်း မိုးလင်းခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း



သူငယ်ချင်းတေးစီးရီး တွင်ပါဝင်သည့် ဗလာဗလာဗလာ သီချင်းကို ပရိသတ်များအမြင် ဆန်းစေ ရန်လေယာဉ်ကွင်း၌သွား ရောက်ရိုက်ကူးခဲ့သလို မိုးလင်း သည်အထိ အချိန်ပေးရိုက်ကူးခဲ့ရ ကြောင်း နန်းမြတ်ဖြိုးသင်းကပြော သည်။
‘‘ဗလာဗလာဗလာသီချင်း ကို နေ့လယ်လောက်ကတည်းက  ရိုက်တာ။ နောက်နေ့မနက်မိုးလင်းမှ ရိုက်ကွင်းပြီးတယ်။အဲဒါ ကတော့ အမှတ်တရပါပဲ’’ဟု ၎င်း ကပြောသည်။ သူငယ်ချင်းအမ်တီဗီကို လည်း ဆက်တိုက်ရိုက်ကူးနေပြီး နန်းသူဇာနှင့် နှစ်ယောက်တွဲသီ ချင်းများရိုက်ကူးရန်ကျန်ရှိနေ သေး သည်ဟုဆိုသည်။
လူငယ်အဆိုတော်များ  ပါ ၀င်သရုပ်ဆောင်ရိုက်ကူးမည့်ရုပ် ရှင်ဇာတ်ကားကြီးအပေါ် ပရိသတ် စိတ်ဝင်းစား မှုနှင့်ပတ်သက်၍ မ ရိုက်မီအချိန်ကတည်းကရင်ခုန် နေကြောင်း ၎င်းကဆိုသည်။ ‘‘လောလော ဆယ်တော့ တက္ကသိုလ်ကျောင်းသားဇာတ်ဆို တာပဲသိရသေးတယ်။ ဒီရုပ်ရှင်မှာ က လူငယ် အဆိုတော်တွေအဓိက သရုပ်ဆောင်မှာဆိုတော့ ဒီရုပ်ရှင် နဲ့ ပတ်သက်ပြီးပရိသတ်တွေဘယ် လို   တုံ့ပြန် မလဲ ဆိုတာ ကိုတော့ တော်တော်စိတ်ဝင်စားပါတယ်’’ ဟု နန်းမြတ်ဖြိုးသင်းက  ပြော သည်။

No comments:

Post a Comment

back to top