အမေရိကန် ကျန်းမာရေး ကျွမ်းကျင်ပညာရှင် ၅၀ အီဘိုလာ တိုက်ဖျက်ရန် အနောက်အာဖရိကသို့ စေလွှတ်မည်
အမေရိကန်သည်
အနောက်အာဖရိက၌ အဆိုးရွားဆုံး ဖြစ်ပွားနေသော အီဘိုလာရောဂါ တိုက်ဖျက်ရေး ကူညီရန်
ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် ၅၀ ထက်မနည်း စေလွှတ်သွားရန်
စီစဉ်လျက်ရှိကြောင်း အမေရိကန်က ကြေညာသည်။
အဆိုပါရောဂါ
ဖြစ်ပွားမှုကို ထိန်းချုပ်လျက်ရှိကြောင်း ၎င်းကို ရပ်တန့်သွားရဖွယ်ရှိကြောင်း အမေရိကန်
ဝါရင့် ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
အီဘိုလာရောဂါဖြစ်ပွားမှုကြောင့်
ဂီနီ၊ လိုက်ဘေးရီယား၊ ဆီယာ ရာလီယွန်နိုင်ငံတို့၌ ယခုနှစ်အတွင်း ၇၂၈ ဦး
သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ သေပျောက်မှုနှုန်းမှာ ၅၅
ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ထိုအတောအတွင်း အမေရိကန် ဒေါက်တာတစ်ဦး အီဘိုလာရောဂါ
ကူးစက်ခံရမှုကြောင့် လိုက်ဘေး ရီးယားမှ အမေရိကန်သို့ ပြန်လာပြေီးနောက် ကျန်းမာရေးအခြေအနေ
တိုးတက်လာပြီဖြစ်သည်။
ဒေါက်တာ
ကင့်ဘရင့်တလီသည် အီဟိုရီတက္ကသိုလ်ဆေးရုံသို့ မသွားမီ စနေနေ့က ဂျော်ဂျီယာစစ်
အခြေစိုက် စခန်းတစ်ခုသို့ ရောက်ရှိလာသည်။ အဆိုပါ ရောဂါကူးစက်ခံရသည့်
အခြားအမေရိ ကန်တစ်ဦး လည်း မကြာမီပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။
အဆိုပါ
ရောဂါသည် လူ၏ခန္ဓာကိုယ်မှ ထွက်သော တံတွေး၊ သွေးစသည့် အရည်တို့ကို ထိုကိုင်မိရာမှ
လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းဖြစ်သည်။
No comments:
Post a Comment