သဘာဝ သစ်သီးသစ်ဥများဖြင့် အသားအရေ ချောမွတ်အောင် ပြုလုပ်နိုင်
အသားအရေ ချောမွတ်သူများ ရှိသကဲ့သို့ ပင်ကိုအသားအရေ ကြမ်းတမ်းသည့် သူများလည်း ရှိရာ အသားအရေကြမ်းတမ်း သူများ အနေဖြင့် စိတ်ပျက်ရန် မလိုအပ်ဘဲ သဘာဝ သစ်သီး သစ်ဥ များကို အသုံးပြု၍ အသားအရေ ချောမွတ် လှပလာရန် ပြုလုပ်နိုင်သည်။
အသားအရေ ကြမ်းတမ်း အက်ကွဲသူများ အနေဖြင့် မုန်လာဥနီသည် အကောင်းဆုံး ဆေး တစ်လက်ပင် ဖြစ်ပြီး မုန်လာဥနီကို အရည်ရအောင် ညှစ်ယူ၍ ခပ်နွေးနွေး အပူပေးထားသည့် ပျားရ် တစ်ဇွန်းနှင့် သမအောင်မွှေကာ အရေပြားပေါ်တွင် စိတ်ရှည်လက်ရှည် စိမ့်ဝင် သွားစေသည် အထိ ပွတ်လိမ်းပေးမည်ဆိုပါက အသား ကြမ်းတမ်း မှုကို ပြေပျောက်စေ၍ ချောမွတ် လှပလာမည် ဖြစ်ကြောင်း တိုင်းရင်း သမားတော်များ၏ ဆေးနည်းများ အရ သိရသည်။
အသားအရေ နေလောင် ခံထားရ သူများ အတွက် ခရမ်းချဉ်သီး အနှစ်နှင့် နို့ရည်ရော စပ်ထားသော ခရင်မ် လိမ်းပေး ပါက ပျောက်ကင်းစေနိုင်ပြီး ဖြူစင် ဝင်းပသော အသား အရောင် ရရှိစေရန် အတွက်လည်း သခွားရည် နှင့်နွားနို့ ရောစပ်ထားသော အရည်ဖြင့် မျက်နှာ သစ်ပေးခြင်းဖြင့် ဖြူစင် ဝင်းပ လာစေ မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment