Friday, August 8, 2014

ရှင်ကျန်းပြည်နယ်ထုတ်ကုန်များ တရုတ်အစိုးရပိတ်ပင်

တရုတ်အစိုးရသည် ရှင်ကျန်းပြည်နယ်မှ ထုတ်ကုန်များ တင်သွင်းခြင်းကို ပိတ်ပင်လိုက်ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။ တရုတ်အစိုးရက ပိတ်ပင်လိုက်သည့် ပစ္စည်းများမှာ ရှင်ကျန်းပြည်နယ်၏ အဓိကထုတ်ကုန်များဖြစ်သော ပေါင်မုန့်ရှည်များ၊ လည်စည်းများ တစ်ကိုယ်လုံးခြုံ ထားနိုင်သည့် ၀တ်ရုံများ၊ ကားကြမ်းခင်းများဖြစ်သည်ဟု သိရသည်။ ရှင်ကျန်းပြည်နယ်ရှိ အကြမ်းဖက် သမားများကို ဖိအားပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အဆိုပါ ပြည်နယ်ထွက် ထုတ်ကုန်များကို ပိတ်ပင်လိုက်ခြင်းဖြစ်ဖွယ်ရှိပြီး ပိတ်ပင်မည့်ကာလကို အတည်ပြုခြင်းမရှိဟု သိရသည်။။

No comments:

Post a Comment

back to top