အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲ ထိုင်းအသင်းများဗိုလ်စွဲ
နေပြည်တော်တွင် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှလူငယ်ဘော်လီဘောပြိုင်ပွဲတွင် ထိုင်းလူငယ်အသင်းများက အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ရပ်စလုံးတွင် ဗိုလ်စွဲခဲ့ကြောင်းသတင်းရရှိသည်။
(၁၈)ကြိမ်မြောက် အဆိုပါ ပြိုင်ပွဲကို သြဂုတ် ၂ ရက်မှ ၆ ရက် အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ကျင်းပခဲ့ခြင်းဖြစ် ပြီး အမျိုးသားပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ(က)နှင့်(ခ)အသင်း၊ ထိုင်း၊ ဗီယက်နမ်အသင်းများဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအနေ ဖြင့် ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင် ကစားခြင်းဖြစ်ပြီး ပွဲစဉ်အားလုံး အနိုင်ရရှိခဲ့သည့် ထိုင်းအမျိုးသား ဘော်လီဘောအသင်းက ပထမ၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့သည့် မြန်မာ (က)အသင်းက ဒုတိယနှင့်မြန်မာ (ခ)အသင်းက တတိယရရှိခဲ့ကြ သည်။ မြန်မာ(က)အသင်းသည် ပွဲစဉ်နှစ်ပွဲအနိုင်ရရှိပြီးနောက် အဆုံးအဖြတ်နောက်ဆုံးပွဲစဉ် တွင် ထိုင်းအသင်းအားရှုံးနိမ့်ခဲ့ သည့်အတွက် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်အသင်းများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်ပွဲကစား၊ နှစ်ပွဲနိုင်ခဲ့သည့် ထိုင်းအသင်းက ပထမ၊ ဗီယက်နမ်အသင်းက ဒုတိယနှင့် မြန်မာ အသင်းက တတိယရရှိခဲ့ကြ သည်။ အရှေ့တောင်အာရှလူငယ် ဘော်လီဘောပြိုင်ပွဲကို ၂ နှစ်တစ် ကြိမ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမားများကို အသက် (၂၀)နှစ်အောက်သတ်မှတ်ထားသည်။ ၂၀၁၂ ခုနှစ်အရှေ့တောင်အာရှ လူငယ်အမျိုးသားဘော်လီဘော ပြိုင်ပွဲကို ရန်ကုန်မြို့တွင်လက်ခံ ကျင်းပခဲ့ပြီး မြန်မာလူငယ်အသင်း က ဗိုလ်စွဲခဲ့သော်လည်း ယခုနှစ် ပြိုင်ပွဲတွင်မူ ဒုတိယဆုသာရရှိခဲ့ သည်။
၂၀၁၄ အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲတွင် ဧည့်သည်အသင်းအနေဖြင့် နယူး ဇီလန်(အမျိုးသား)အသင်းလည်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment